ဆံပင်ရွှေဝါရောင်ဆိုးရသည့် အကြောင်းကို မက်ဆီ ဖွင့်ဟ

ဆံပင်ရွှေဝါရောင်ဆိုးရသည့် အကြောင်းကို မက်ဆီ ဖွင့်ဟ

စက်တင်ဘာ ၅၊ အာဂျင်တီးနား ။               ။ ကမ္ဘာကျော်ဘောလုံးသမားမက်ဆီသည် နောက်ဆုံးတွင် ဆံပင်ရွှေဝါရောင်ဆိုးရသည့်အကြောင်းအရင်းကို ဖွင့်ဟပြောဆိုလိုက်ပြီ ဖြစ်သည်။

ပရိသတ်အချို့ပြောဆိုနေကြသလို မန်ယူနောက်ခံကစားသမား ဖေးလ်ဂျူံးစ်၏ပုံစံကို အတုခိုးထားခြင်းမဟုတ်ကြောင်း ရှင်းလင်းခဲ့ပြီး ကိုပါအမေရိကဖလားပြိုင်ပွဲတွင် ကျဆုံးခဲ့ရပြီးနောက် အရာရာကို အသစ်စတင်သည့်သဘောဖြင့် ဆိုးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မက်ဆီသည် ကိုပါအမေရိကဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ရပြီးနောက် နိုင်ငံလက်ရွေးစင်ကစားသမားဘဝက အနားယူတော့မည်ဟု ကြေညာခဲ့သော်လည်း အားလုံး၏တောင်းဆိုမှုကြောင့် လက်ရွေးစင်အသင်းတွင် ပြန်လည်ကစားခဲ့သည်။

‘သုညကနေစပြီး အပြောင်းအလဲစတင်ပြုလုပ်ခဲ့ပါတယ်။ ဒီဆံပင်ကလည်း ပြောင်းလဲမှုရဲ့အစိတ်အပိုင်းတစ်ရပ်ပါ။ ကွင်းတွင်းကွင်းပြင်က ဆိုးရွားတဲ့ အဖြစ်အပျက်တွေ ကျန်ခဲ့ပြီလို့ မျှော်လင့်ထားပါတယ်။ အရာရာကို အဆုံးသတ်ပြီး အသစ်က နောက်တစ်ကြိမ်ပြန်စပါမယ်’ ဟု မက်ဆီက ပြောဆိုခဲ့သည်။

ထို့အပြင် မက်ဆီက ဘောလုံးသမားဘဝမှ အနားမယူမီ သူ၏ငယ်မွေးခြံပေါက်ကလပ် နယူးဝဲလ်အိုးဘွိုင်းစ်အသင်းတွင် ကစားလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

‘ဒါက ကျွန်တော်စိတ်ကူးထားတဲ့အရာတစ်ခုပါ။ ကျွန်တော်ကြီးပြင်းခဲ့တဲ့ နယူးဝဲလ်အိုးဘွိုင်းစ်အသင်းနဲ့အတူ အာဂျင်တီးနားဘောလုံးလောကမှာ ကစားချင်ပါတယ်’ ဟု မက်ဆီက ပြောဆိုခဲ့သည်။

ရည်ညွှန်း သည်ဆန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly