စပါးအသင်း၏ လစာအများဆုံးရ ကစားသမားဖြစ်လာနိုင်သည့် စာချုပ်သစ်ကို ဟာရီကိန်းဆွေးနွေးနေ

စပါးအသင်း၏ လစာအများဆုံးရ ကစားသမားဖြစ်လာနိုင်သည့် စာချုပ်သစ်ကို ဟာရီကိန်းဆွေးနွေးနေ

စက်တင်ဘာ ၄၊ လန်ဒန်။             ။ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းသည်စပါးအသင်း၏ လစာအများဆုံးဖြစ်လာနိုင်သည့် စာချုပ်သစ်ကို အသင်းနှင့်ဆွေးနွေးနေပြီ ဖြစ်သည်။

ကိန်းသည် ငါးနှစ်ခွဲသက်တမ်းရှိလက်ရှိစာချုပ်ကို ဖေဖော်ဝါရီကမှ ချုပ်ဆိုထားသူဖြစ်သည်။ သို့သော် နည်းပြပိုချက်တီနို၏ လက်အောက်တွင်စာချုပ်သစ်အတွက်ထပ်မံဆွေးနွေးနေပြီး သဘောတူညီမှုရခဲ့ပါက စပါးအသင်း၏ လစာအများဆုံး ကစားသမားဖြစ်လာမည်ဖြစ်သည်။

လက်ရှိတွင် အခြေခံတစ်ပတ်ပေါင် ၅၀၀၀၀ ရနေသော ယင်းကစားသမားအနေဖြင့် စာချုပ်သစ်ချုပ်ဆိုပြီးလျှင် အနည်းဆုံး လစာ နှစ်ဆ ခန့်တိုးမြှင့်ရရှိမည်ဖြစ်သည်။

စာချုပ်သစ်အရ အခြေခံတစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ ထိတိုးမြှင့်ရရှိနိုင်ပြီး အပိုဆုကြေးများ၊ ပုံရိပ်အသုံးပြုခများနှင့်ပါပေါင်းလျှင် တစ်နှစ် ပေါင် ၇ ဒသမ ၅ သန်းခန့်ထိရရှိနိုင်မည်ဖြစ်သည်။

ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သည့် အဲရစ်ဆင်သည်လည်း တစ်ပတ်လုပ်ခ ပေါင် ၇၀၀၀၀ ခန့်ရရှိနိုင်သည့် စာချုပ်သစ်ကို လက်မှတ်ထိုးလိမ့်မည်ဟု မယ်ရာသတင်းစာက ဖော်ပြထားသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly