ဒေါ်အောင်ဆန်းစုကြည် အလည်အပတ်ခရီးမတိုင်မီ ပိတ်ဆို့အရေးယူမှုများကို ဖြေလျော့ရန် အမေရိကန်အစိုးရ စဉ်းစားနေ

ဒေါ်အောင်ဆန်းစုကြည် အလည်အပတ်ခရီးမတိုင်မီ ပိတ်ဆို့အရေးယူမှုများကို ဖြေလျော့ရန် အမေရိကန်အစိုးရ စဉ်းစားနေ

ဝါရှင်တန်၊ စက်တင်ဘာ ၄ ။             ။ မြန်မာနိုင်ငံမှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်စုကြည်၏ စက်တင်ဘာလအတွင်း လာရောက်မည့် အလည်အပတ်ခရီးစဉ်မတိုင်မီ ပိတ်ဆို့အရေးယူမှုများကို ဖြေလျော့ခြင်း သို့မဟုတ် ဖယ်ရှားခြင်းများ ပြုလုပ်ရန် စဉ်းစားနေကြောင်း အမေရိကန်အစိုးရအရာရှိများက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးမှုများ လုပ်ဆောင်ပြီး နောက် ပိတ်ဆို့အရေးယူမှုများကို မည့်သည့်အတိုင်းအတာအထိ လျော့ချသွားမည်ကို သမ္မတဘာရက်အိုဘားမားက ဆုံးဖြတ်ဖွယ်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဝါရှင်တန်မြို့သို့ လာရောက်ပြီး သမ္မတအိုဘားမား၊ ဒုသမ္မတဂျိုးဘိုင်ဒင်၊ အမေရိကန်လွှတ်တော်အမတ်များ၊ စီးပွားရေး လုပ်ငန်းရှင်များတွင် တွေ့ဆုံရန် စီစဉ်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်သို့ ယခုသွားရောက်မည့် ခရီးစဉ်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီပါတီအနိုင်ရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်သွားရောက်ခြင်းဖြစ်သည်။

သမ္မတအိုဘားမား၏ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ လက်ထောက်အကြံပေးပုဂ္ဂိုလ်ဘင်ရိုဒက်စ်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း လွှတ်တော်အရာရှိများနှင့်တွေ့ဆုံကာ သမ္မတအနေဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူများကို ဖြေလျော့ခြင်းသို့မဟုတ် ဖယ်ရှားခြင်းတို့ကို လုပ်ဆောင်ရန် စဉ်းစားနေသည်ဟု ပြောကြားခဲ့ကြောင်း အမည်မဖော်လိုသူ အမေရိကန်အစိုးရတာဝန်ရှိသူများက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly