အာဆင်နယ်အသင်း၏ ကျောနံပါတ် ၁၀ ကို ရယူလိုကြောင်း အိုဇေးလ် ၀န်ခံ

အာဆင်နယ်အသင်း၏ ကျောနံပါတ် ၁၀ ကို ရယူလိုကြောင်း အိုဇေးလ် ၀န်ခံ

စက်တင်ဘာ ၄၊ အင်္ဂလန် ။              ။ ဘုန်းမောက်အသင်းသို့ပြောင်းရွှေ့သွားသည့် ဝီလ်ရှိုင်းယား၏ ကျောနံပါတ် ၁၀ ကို ရယူလိုကြောင်း အာဆင်နယ်အသင်း၏အဓိက ကွင်းလယ်ကစားသမား အိုဇေးလ်က ပြောဆိုလိုက်သည်။

အိုဇေးလ်သည် ရီးယဲလ်မှ အာဆင်နယ်သို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသည့် ၂၀၁၃ ခုနှစ်ကတည်းက ကျောနံပါတ် ၁၁ ကို ဝတ်ဆင်ကစားနေသူ ဖြစ်သည်။ ဝီလ်ရှိုင်းယားမှာ ဗန်ပါစီအာဆင်နယ်အသင်းကို စွန့်ခွာသွားသည့်အချိန်ကတည်းက ကျောနံပါတ် ၁၀ ကို ရယူထားခြင်းဖြစ်သည်။

‘နံပါတ် ၁၀ က ကျွန်တော့်အတွက် အဓိပ္ပါယ်အများကြီးရှိပါတယ်။ ကျွန်တော်အကြိုက်ဆုံးနံပါတ်ပါ။ မာရာဒိုနာ၊ ပီလီနဲ့ ဇီဒန်းတို့လို ဂန္ထဝင်တွေ ဒီနံပါတ်ကို ဝတ်ဆင်ခဲ့ကြတာပါ။ နံပါတ် ၁၀ ကိုရရင် တကယ်ကို ပျော်မှာပါ’ ဟု အိုဇေးလ်က ပြောသည်။

ထို့အပြင် အိုဇေးလ်က ပရိသတ်များ၏ဝေဖန်နေမှုထက် အာဆင်နယ်နည်းပြအာစင်ဝင်းဂါးနှင့် ဂျာမနီနည်းပြ ဂျိုအာချင်လိုတို့၏ အမြင်က ပို၍အရေးကြီးကြောင်း ပြောဆိုလိုက်သည်။

‘ကစားသမားတစ်ယောက်အနေနဲ့ ကြိုးစားကစားတာပါပဲ။ ဒါပေမဲ့ တစ်ခါတစ်လေမှာ ဂိုးမသွင်းနိုင်ရင်ဖြစ်ဖြစ် ဂိုးပေါက်ထဲမကန်နိုင်ရင်ဖြစ်ဖြစ် ကျွန်တော့်ခြေစွမ်းကို ပရိသတ်တွေက စိတ်ပျက်ကြပါတယ်။

ကျွန်တော်တစ်ခါတစ်လေ တွေးမိပါတယ်။ ကျွန်တော်ဘယ်လောက်ပြေးတယ်။ ဘယ်လောက်ပေးပို့မှုတွေလုပ်တယ်ဆိုတာ ပရိသတ်တွေ အမှန်အတိုင်းမသိမြင်နိုင်ကြပါဘူး။ ဒါကို နည်းပြတွေကတော့ မြင်ပါတယ်။ နည်းပြတွေရဲ့ ကျွန်တော့်အပေါ် ဆုံးဖြတ်မှုကသာ ပိုပြီး အရေးကြီးပါတယ်’ ဟု အိုဇေးလ်က ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags