ကျပ်သန်း ခြောက်ထောင်နီးပါး တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ရခိုင်တွင် ဖမ်းမိ

ကျပ်သန်း ခြောက်ထောင်နီးပါး တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ရခိုင်တွင် ဖမ်းမိ

စစ်တွေ၊ စက်တင်ဘာ ၃ ရက်။ ရခိုင်နယ်စပ်မြို့နယ်များဖြစ်သည့် မောင်တောနှင့် ရသေ့တောင်မြို့နယ်မှ သုံးရက်အတွင်း ကာလတန်ဖိုး ကျပ်သန်းပေါင်း ၅၉၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို ဖမ်းမိခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

စိတ်ကြွရူးသွပ်ဆေးပြားများကို သြဂုတ် ၃၀ ရက်နေ့က မောင်တောမြို့နယ် မင်းဘာကြီးလမ်း ဓာတ်တိုင်ကို ဝင်တိုက်မိသော ယာဉ်ပေါ်မှလည်းကောင်း၊  စက်တင်ဘာ ၁ ရက်နေ့တွင် မောင်တောမြို့နယ်၊ လသာကျေးရွာမှ လည်းကောင်း၊ စက်တင်ဘာ ၂ ရက်နေ့တွင် ရသေ့တောင် အငူမော်ကမ်းခြေမှ လည်းကောင်း အသီးသီး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သြဂုတ်လ ၃၀ ရက်နေ့က မောင်တောမြို့ပေါ်တွင်ဖမ်းဆီးရမိသည့် ဆေးပြားများနှင့် ပါတ်သက်ပြီး ကားမောင်းလာသူနှင့် ရဲတပ်ကြပ်ကြီးတစ်ဦးတို့မှာ ဆက်နွယ်မှုရှိနေသည့်အတွက် ၎င်းတို့နှစ်ဦးအား မောင်တောမြို့မရဲစခန်းတွင် မယ (ပ) ၁၂/၂၀၁၆၊ ဆေးခြောက်နှင့်မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ တို့ဖြင့်ဖမ်းဆီး အရေးယူထားပြီး စက်တင်ဘာလ ၁ ရက်နေ့က ဖမ်းဆီးရမိသည့်ဆေးပြားများနှင့် ပါတ်သက်ပြီး ပိုင်ဆိုင်သူများအား စုံစမ်းလျှက်ရှိကြောင်း မောင်တောမြို့မ ရဲစခန်းက ပြောသည်။

သြဂုတ်လ ၃၀ ရက်နေ့ ဖမ်းဆီးရမိသည့် ဆေးပြားအရေအတွက်မှာ ၂၉၂၅၀၀ ရှိကာ ကာလတန်ဖိုး ၅၈၅ သန်းဖိုးခန့်ရှိပြီး၊ စက်တင်ဘာလ ၁ ရက်နေ့ ဖမ်ဆီးရမိသည့် ဆေးပြားအရေအတွက်မှာ ၄၄၅၅၀ ဖြစ်ကာ ကာလတန်ဖိုး ၈၉၁ သန်းဖိုးခန့်နှင့် စက်တင်ဘာ ၂ ရက်နေ့တွင်ဖမ်းဆီးရမိခဲ့သည့် ဆေးပြားအရေအတွက်မှာ ၂၂၆၀၀၀၀ ပြားဖြစ်ပြီး ကာလတန်ဖိုးမှာ ၄၅၂၀ သန်းဖိုးရှိကြောင်း စုစုပေါင်းဆေးပြားအရေအတွက်မှာ ၂၅၉၇၀၅၀ ဖြစ်ပြီး တန်ဖိုးမှာ ကျပ်သန်းပေါင်း ၅၉၉၆ သန်းခန့်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly