မြောက်ကိုရီးယားတွင် ရေလွှမ်းမိုးမှု ဖြစ်ပွားပြီး ၁၅ ဦးပျောက်ဆုံးနေကြောင်း နိုင်ငံပိုင် မီဒီယာ ဖော်ပြ

မြောက်ကိုရီးယားတွင် ရေလွှမ်းမိုးမှု ဖြစ်ပွားပြီး ၁၅ ဦးပျောက်ဆုံးနေကြောင်း နိုင်ငံပိုင် မီဒီယာ ဖော်ပြ

စက်တင်ဘာ ၃ ။              ။ ယခုသီတင်းပတ်အတွင်း မြောက်ကိုရီးယားနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ၁၅ ဦး ပျောက်ဆုံးနေကြောင်း နှင့် လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ပြုံးယမ်းအစိုးရ၏ နိုင်ငံပိုင်သတင်းမီဒီယာတွင် ဖော်ပြသည်။

တရုတ်၊ ရုရှ နှင့် မြောက်ကိုရီးယားတို့အကြား နယ်စပ် အစိတ်အပိုင်းများကို ဖြတ်သန်းစီးဆင်းနေသည့် Tumen မြစ်မှာ မိုးကြီးမှုကြောင့် မြစ်ရေလျှံတက်ခဲ့ရာ နိုင်ငံတွင် အဆိုးရွားဆုံးသော ရေကြီးမှုတစ်ခုဖြစ်လာခဲ့ကြောင်း KCNA သတင်းဌာနက ထုတ်လွှင့်သည်။

နိုင်ငံ မြောက်ဘက်အစွန်းဆုံးဒေသ North Hamgyong တွင် ရေကြီးမှုကြောင့် လူပေါင်း ၁၅ ထိ ပျောက်ဆုံးနေလျက်ရှိကြောင်းနှင့် အခြားမြို့ပေါင်းများစွာတွင်လည်း ဆိုးဆိုးရွားရွား ထိခိုက်ခံစား   နေရသည်ဟု ဆိုသည်။

ယင်းအပြင် အိမ်ခြေပေါင်း ၁၇,၀၀၀ ရေထဲပါ ပျက်စီးသွားခဲ့ခြင်းကြောင့် လူပေါင်း ၄၄,၀၀၀ ကျော်မှာ အခြားနေရာများတွင် ဝင်ရောက်ခိုလှုံနေကြရကြောင်း KCNA သတင်းဌာနက ဆိုသည်။

North Hamgyong ဒေသတွင် ပြီးခဲ့သည့် သြဂုတ်လ ၃၀ ရက်နှင့် စက်တင်ဘာ ၂ ရက်နေ့လည်ပိုင်းအတွင်းဆက်တိုက်ဆိုသလို မိုးကြီးထားခဲ့ကြောင်းလည်း ဖော်ပြသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly