စက်တင်ဘာ ဒုတိယပတ် အတွင်း ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံ သွားမည်

စက်တင်ဘာ ဒုတိယပတ် အတွင်း ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံ သွားမည်

ရန်ကုန်၊ စက်တင်ဘာ ၃ ။              ။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ဒုတိယပတ်အတွင်း အမေရိကန်ခရီးစဉ် သွားရောက်မည်   ဖြစ်ကြောင်း   နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမေရိကန်သို့ မသွားရောက်မှီတွင် စက်တင်ဘာ ၂ ရက်မှ ၈ ရက်နေ့အထိ ကျင်း ပမည့် အာဆီယံအစည်းအဝေးကိုလည်း  ၅ ရက်နေ့နောက်ပိုင်းတွင် တက်ရောက် သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံခြားရေးရာ ဦးစီးဌာ နက ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျ က မဇ္ဈိမကို အတည်ပြုပြောကြားသည်။

"အာဆီယံ အရင်သွားပါလိမ့်မယ်။ အာဆီယံက စလုပ်တာက ၂ ရက်ကနေ ၈ ရက်နေ့ဆိုတော့ summit ပိုင်းသွားမှာပါ။ summit က နောက်ပိုင်းကျတာပေါ့။ အဲ့ဒါပြီးရင် မြန်မာပြည်ပြန်လာမယ်။ ပြီးရင် အမေရိကန် သွားဖို့ ရှိပါမယ်" ဟု ဦး ကျော်ဇေယျက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်အကြံပေး ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်နှင့် စက်တင်ဘာ ၅ ရက်နေ့ တွင် တွေ့ဆုံသွားမည် ဖြစ်သည်။

သူမ၏ အမေရိကန် ခရီးစဉ်အတွင်း ဝါရှင်တန်ဒီစီသို့ ချစ်ကြည်ရေး အလည်အပတ်ခရီး သွားရောက်မည် ဖြစ်ပြီး နယူးယောက် မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်မည်ဖြစ်ပြီး ဥရောပသမဂ္ဂသို့သွားရောက်ကာ သံအ မတ်ကြီး များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ဦးကျော်ဇေယျက ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၁၇ က တရုတ်နိုင်ငံသို့ ငါးရက်ကြာသွားရောက် ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင့်နှင့် တွေ့ဆုံခဲ့သေးသည်။

အောက်တိုဘာလအတွင်း၌လည်း ဘရာဇီး၊ ရုရှ၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာ ဖရိက (BRICS) နယ်ကျော် ကူညီ ထောက်ပံ့မှုများ ညီလာခံသို့ တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး ဌာနက သြဂုတ်လ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly