တံတောင်နဲ့ရိုက်မိခဲ့တဲ့ လုပ်ရပ်ကြောင့် အဂွဲရိုး သုံးပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရ

တံတောင်နဲ့ရိုက်မိခဲ့တဲ့ လုပ်ရပ်ကြောင့် အဂွဲရိုး သုံးပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရ
(ဓာတ်ပုံ - အီးပီအေ)

မန်ချက်စတာစီးတီးရဲ့ ဆာဂျီယိုအဂွဲရိုးဟာ သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရပြီးနောက် စက်တင်ဘာလ ၁၀ ရက်နေ့မှာ ကစားမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ဒါဘီပွဲကို လွဲချော်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ သြဂုတ်လ (၂၈) ရက်က မန်စီးတီးက ဝက်စ်ဟမ်းကို (၃-၁) ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ တိုက်စစ်မှူး အဂွဲရိုးဟာ ဝက်စ်ဟမ်းနောက်ခံလူ ဝင်စတန်ရိဒ်ကို တံတောင်နဲ့ရိုက်မိခဲ့တဲ့ လုပ်ရပ်ကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က အပြစ်ရှိကြောင်း တွေ့ရှိခဲ့လို့ အခုလို ပြစ်ဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနား ကစားသမား အဂွဲရိုးဟာ စက်တင်ဘာ ၂၁ ရက်နေ့မှာ မန်စီးတီး အိမ်ကွင်းမှာ ကစားမယ့် ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၊ လိဂ်ဖလား တတိယအဆင့် ဆွမ်ဆီးနဲ့ ကစားမယ့်ပွဲများကိုလည်း လွဲချော်မှာဖြစ်ပါတယ်။

အဂွဲရိုးက ဒီရာသီ လိဂ်ပွဲ (၃) ပွဲကစားရာမှာ (၃) ဂိုး သွင်းထားနိုင်ခဲ့သလို မန်စီးတီးမှာလည်း ရာနှုန်းပြည့် နိုင်ပွဲရာကာ ဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

ဒါ့အပြင် အဂွဲရိုးဟာ ချန်ပီလိဂ်ခြေစစ်ပွဲမှာ ဘူခါရက်နဲ့ ပထမအကျော့ ငါးဂိုးပြတ်နဲ့ နိုင်တဲ့ပွဲမှာ ပထမဆုံး ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းက အဂွဲရိုးအပေါ် စွဲချက်တင်ထားမှုအား အယူခံဝင်ခဲ့ပေမယ့် FA က ပယ်ချခဲ့ပြီး သုံးပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly