ငြိမ်းချမ်းရေးညီလာခံတွင် အမျိုးသမီး ပါ၀င်မှု ၁၂ ရာခိုင်နှုန်းခန့်ရှိ

ငြိမ်းချမ်းရေးညီလာခံတွင် အမျိုးသမီး ပါ၀င်မှု ၁၂ ရာခိုင်နှုန်းခန့်ရှိ

နေပြည်တော်၊ စက်တင်ဘာ ၂ ။              ။ ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် အမျိုးသမီး ပါဝင်မှုသည် ၁၂ ရာခိုင်နှုန်းခန့်ရှိကြောင်း ညီလာခံပူးတွဲကျင်းပရေးကော်မတီ မှ ဦးခင်ဇော်ဦးကပြောသည်။

“may be အခုဆိုရင်တော့ ၁၂ နဲ့၁၅ ကြားလောက်မှာရှိပါမယ်။ သူတို့ကလည်း အမျိုးသမီးထုအနေနဲ့ နောင်လာမယ့် ညီလာခံတွေမှာ ၃၀ ရာခိုင်နှုန်း ပြည့်အောင်တင်ပြပါတယ်” ဟု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယမြောက်နေ့အပြီး သတင်းစာရှင်းလင်းပွဲတွင် ဦးခင်ဇော်ဦးကပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် အမျိုးသမီးပါဝင်မှုသုံးဆယ်ရာခိုင်နှုန်း ပါဝင်လာစေရးသည့် သက်ဆိုင်ရာအစုအဖွဲ့များနှင့် သက်ဆိုင်ပြီး အစုအဖွဲ့များထဲတွင်ကိုယ်စားလှယ်များထဲတွင် အမျိူးသမီးများအား များများရွေးချယ်ရန်လိုအပ်သည်ဟု ဦးခင်ဇော်ဦး ကပြောသည်။

“ညီလာခံကျင်းပရေးကော်မတီနဲ့တော့ တိုက်ရိုက်မသက်ဆိုင်ပါဘူး သက်ဆိုင်ရာအစုအဖွဲ့တွေနဲ့ပိုပြီးတော့ သက်ဆိုင်ပါလိမ့်မယ် သက်ဆိုင်ရာအစုအဖွဲ့တွေက မိမိတို့ရဲ့ကိုယ်စားလှယ်တွေကို အမျိုးသမီးတွေကို များများရွေးလာတာနဲ့အမျှ အမျိုးသမီးတွေ များများပါလာမှာပါ အဲ့တာကတော့ ညီလာခံကျင်းပရေးကော်မတီနဲ့တော့ တိုက်ရိုက်မဆိုင်ပါဘူး” ဟု ညီလာခံပူးတွဲကျင်းပရေးကော်မတီ မှ ဦးခင်ဇော်ဦးကပြောသည်။

အမျိူးသမီးထုအနေဖြင့် နောင်လာမည့် ညီလာခံများတွင် သုံးဆယ်ရာခိုင်နှုန်းအထိ ပါဝင်ခွင့်ရရှိရန် တင်ပြထားကြောင်း သိရကာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို သုံးနှစ်မှ ငါးနှစ်အထိ ကြာမည်ဟု ခန့်မှန်းထားကြောင်း ညီလာခံအပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲများမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly