အရေးပေါ်အခြေအနေတွင် အရပ်သားအုပ်ချုပ်းရေး မပြိုလဲစေမည့် မူဝါဒများ ချမှတ်ရန် ငြိမ်းချမ်းရေးညီလာခံတွင် တင်ပြ

အရေးပေါ်အခြေအနေတွင် အရပ်သားအုပ်ချုပ်းရေး မပြိုလဲစေမည့် မူဝါဒများ ချမှတ်ရန် ငြိမ်းချမ်းရေးညီလာခံတွင် တင်ပြ

နေပြည်တော်၊ စက်တင်ဘာ ၂ ။              ။ အရေးပေါ်အခြေအနေတစ်ရပ်တွင် အရပ်သားအုပ်ချုပ်ရေးမဏ္ဍိုင် မပြိုလဲစေမည့် မူဝါဒများ ချမှတ်ရန် ပါဝင်သင့် ပါဝင် ထိုက်သူများ အစုအစုအဖွဲ့မှ ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တင်ပြခဲ့သည်။

“လုံခြံရေး မူဝါဒများရေးဆွဲရာမှာ ပြည်သူလူထုရဲ့လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရေး ၊ အုပ်ချုပ်ရေး လုပ်ငန်း တာဝန် များ ချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရေး ၊ အရေးပေါ် အခြေအနေဖြစ်ပွားလာပါက အရပ်သား အုပ်ချုပ်ရေး မဏ္ဍိုင် ပြိုလဲမှုမဖြစ်ပွားစေရန် လိုအပ်သော ယန္တရားများထားရှိရေး နိုင်ငံတော်လုံခြံရေးကို သမရိုးကျမဟုတ်သော ခြိမ်း ခြောက်မှုများမှ ကာကွယ်ရေး စတာတွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်” ဟု ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအ ဖွဲ့မှ ဒေါ်ခင်မမမျိုးက ပြောသည် ။

ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်လိုအပ်ပြီး ကာကွယ်ရေးဆိုင်ရာ မူဝါဒများ ချမှတ်ရာတွင် ၂၁ ရာစု နိုင်ငံတော်ခြိမ်းခြောက်မှုများဖြစ်တဲ့ သဘာဝဘေးအန္တရယ် ဆိုင်ရာပြသနာများကို လုံခြုံရေးစွမ်းပကားများ ပေါင်း စပ်အသုံးပြုပြီး ဖြေရှင်းနိုင်ရန် လေ့လာသုံးသပ်ဖို့လိုအပ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယနေ့တွင် အစုအဖွဲ့၁၂ ဖွဲ့မှ သဘောထားအမြင်များတင်ပြတင်ရာတွင် ပါဝင့်သင့် ပါဝင်ထိုက်သူများအစုအဖွဲ့မှ တင်ပြခဲ့ခြင်း ဖြစ် သည်။

ဖက်ဒရယ် ပြည်ထောင်စုရေးရာ ကိစ္စများကို ဆောင်ရွက်ရာတွင် ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေး ဖက်ဒရယ်ပြည် ထောင်စု တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ပြီး အရပ်ဖက် ကွပ်ကဲမှု အရပ်ဖက်အုပ်ချုပ်မှု အောက်တွင်ထားရှိပြီး နိုင်ငံနှင့် နိုင်ငံသားများအပေါ် ဒီမိုကရေစီနည်းကျ တာဝန်ယူ ဆောင်ရွက်ရန် လိုသည်ဟု ပါဝင်သသင့် ပါဝင်ထိုက်သူများ အစုအဖွဲ့က သဘောထားအမြင်ကို တင်ပြသည်။

၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကို နေပြည်တော်တွင် လေးရက်တာ ကျင်းပလျက်ရှိပြီး အစုအဖွဲ့ များ မှ ကိုယ်စားလှယ် ၇၅၀ ခန့်တက်ရောက်လျက်ရှိကာ အစုအဖွဲ့များ၏ သဘောထားများကို ညီလာခံတွင်တင်ပြ လျက် ရှိ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly