ဥဇဘက်ကစ္စတန် သမ္မတ၏ ကျန်းမာရေး အခြေအနေ စိုးရိမ်နေရဟု ဆို

ဥဇဘက်ကစ္စတန် သမ္မတ၏ ကျန်းမာရေး အခြေအနေ စိုးရိမ်နေရဟု ဆို

စက်တင်ဘာ ၂ ။          ။ ဥဇဘက်ကစ္စတန် သမ္မတ အစ္စလမ်ကာရီမော့ဗ်၏ ကျန်းမာရေးအခြေအနေ ဆိုးရွားနေပြီး စိုးရိမ်ရသည့် အခြေအနေရှိသည်ဟု ၎င်း၏ အစိုးရအဖွဲ့က စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်သွားသည်။

ယခုအခါ ဗဟိုအာရှ၏ လူဦးရေအထူထပ်ဆုံး နိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အာဏာလွှဲပြောင်းမှုတစ်ရပ် ဖြစ်လာစရာ ရှိနေသည်ဟု မျှော်လင့်ရသည်။

အသက် ၇၈ နှစ်ရှိပြီဖြစ်သော သမ္မတ ကာရီမော့ဗ်သည် ပြီးခဲ့သည့် ၂၄ နာရီအတွင်းက အခြေအနေအတော်ဆိုးရွားခဲ့သည်ဟု ဝန်ကြီးအဖွဲ့က ထုတ်ပြန်ထားသည်။

" ဆရာဝန်တွေက အခြေအနေက အရေးပေါ်အခြေအနေရောက်နေပြီလို့ ပြောထားပါတယ်" ဟု ဝန်ကြီးအဖွဲ့က ထုတ်ပြန်သည်။ ကာရီမော့ဗ်သည် ပြီးခဲ့သည့် သြဂုတ် ၂၇ ရက်ကတည်းက   လေသင်တုန်းဖြတ်သည့် ဝေဒနာဖြင့် ဆေးရုံတက်နေခဲ့ရခြင်းဖြစ်သည်။

ရွှေနှင့် သဘာဝဓါတ်ငွေ့ ပေါကြွယ်ဝပြီး ဝါဂွန်း အဓိကတင်ပို့သူနိုင်ငံဖြစ်သည့် ဥဇဘက်ကစ္စတန် နိုင်ငံတွင် သမ္မတ ကာရီမော့ဗ်မှာ ၁၉၈၉ ခုနှစ်ကတည်းက အာဏာရှင်ဆန်ဆန်ဖြင့် အုပ်ချုပ်နေခဲ့ခြင်း   ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags