နယူးကာဆယ်ကွင်းလယ်ကစားသမား ဆစ်ဆိုကို စပါးအသင်းသို့ ရောက်ရှိ

နယူးကာဆယ်ကွင်းလယ်ကစားသမား ဆစ်ဆိုကို စပါးအသင်းသို့ ရောက်ရှိ

စက်တင်ဘာ ၁ ။               ။ အပြောင်းအရွှေ့ကာလ၏ နောက်ဆုံးအချိန်တွင် စပါးအသင်းသည် နယူးကာဆယ်ကွင်းလယ်ကစားသမား ဆစ်ဆိုကို ကို အရခေါ်ယူသွားနိုင်ခဲ့သည်။

စပါးအသင်းသည် အဲဗာတန်အသင်းကို နောက်ကောက်ချပြီး ဆစ်ဆိုကိုအားခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပြင်သစ်ကွင်းလယ်ကစားသမားအတွက် စပါးအသင်းက ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ ပေးချေခဲ့ရသည်။

အဲဗာတန်အသင်းသည် ဆစ်ဆိုကိုအားခေါ်ယူရန် နယူးကာဆယ်အသင်းနှင့်သဘောတူညီမှု ရရှိပြီးသော်လည်း ကစားသမားက စပါးအသင်းသို့သွားရောက်လိုသည့်အတွက် ညှိနှိုင်းမရဖြစ်ခဲ့ပြီး အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရခြင်း ဖြစ်သည်။

စပါးအသင်းသို့ပြောင်းရွှေ့နိုင်သည့်အတွက် အလွန်ပျော်ကြောင်းနှင့် ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း ဆစ်ဆိုကိုက ပြောဆိုခဲ့သည်။

‘စပါးအသင်းအတွက် ကျွန်တော်စွမ်းဆောင်နိုင်သလောက် အစွမ်းကုန်ပေးဆပ်မှာပါ။ ပွဲကြီးပွဲကောင်းတွေကို ကစားချင်ပါတယ်။ ကျွန်တော်တို့ ပွဲတွေအများကြီးအနိုင်ရပြီး ဆုဖလားတွေရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်’ ဟု ဆစ်ဆိုကိုက ပြောဆိုခဲ့သည်။

စပါးအသင်းသည် အပြောင်းအရွှေ့နောက်ဆုံးအချိန်တွင် မာဆေးလ်အသင်းမှ အသက် ၂၁ နှစ်အရွယ်ရှိ ပြင်သစ်တောင်ပံကစားသမား ကီဗင်နန်ကိုဒူကိုလည်း ခေါ်ယူခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly