မကွေးမြို့ပေါ်တွင် တုတ်၊ ဓါး၊ လက်နက် ကိုင်ဆောင်၍ ခြိမ်းခြောက်ငွေတောင်းသော လူတစ်စုအား ဖမ်းဆီးရမိ

မကွေးမြို့ပေါ်တွင် တုတ်၊ ဓါး၊ လက်နက် ကိုင်ဆောင်၍ ခြိမ်းခြောက်ငွေတောင်းသော လူတစ်စုအား ဖမ်းဆီးရမိ

မကွေး၊ စက်တင်ဘာ ၁ ။             ။ မကွေးမြို့ပေါ်တွင်  တုတ်၊ ဓား လက်နက်များကိုင်ဆောင်ကာ လမ်းသွားလမ်းလာဆိုင်ကယ်များအား တားဆီး၍ ခြိမ်းခြောက်ငွေတောင်းခံသည့် လူတစ်စုအား ဖမ်းဆီးအရေးယူခဲ့ကြောင်း မကွေးမြို့မ ရဲစခန်းမှ သိရသည်။

သြဂုတ်လ(၃၁)ရက်နေ့ ည (၈)နာရီ ဝန်းကျင် အချိန်တွင် မကွေးမြို့ တောင်တွင်းလမ်းနှင့် မြင်းကင်းလမ်းထောင့် ဗိဿ နိုး အဆောင်ရှေ့တွင် လူတစ်စုက တုတ်၊ ဓား လက်နက်များကိုင်ဆောင်ကာ လမ်းသွားလမ်းလာဆိုင်ကယ်များအား တားဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခဲ့ရာ ယင်းသို့ ခြိမ်းခြောက် ငွေတောင်းခံရသည့် ဦးအောင်ဘုန်းမြင့်ကြည်မှ တရားလို ပြုလုပ်တိုင်တန်းခဲ့သဖြင့် မကွေးမြို့မရဲစခန်းက (ပ)၁၇၄၉/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၈၆ ဖြင့်လက်ခံအမှုဖွင့် အရေးယူ ခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မကွေးခရိုင် ရဲတပ်ဖွဲ့မှူးမှ တရားခံများအား အမြန်စုံစမ်းဖော်ထုတ် ဖမ်းဆီးရန်ညွန်ကြားသဖြင့် မ ကွေးခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲအုပ်သက်အောင်စိုး၊ ဒုရဲအုပ်သိန်းနိုင်ဝင်း၊ ရဲဒုတပ်ကြပ် နိုင်ဦး၊ ရဲတပ်သား ဝဏ္ဏ မင်းထက်တို့သည် မကွေးမြို့မရဲစခန်းမှူးဒုရဲမှူးစိန်အောင်၊မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်သည်။

ပြစ်မှု ကျူးလွန်သူများမှာ မကွေးမြို့၊နတ်မောက်လမ်း၊ စိုက်ပျိုးရေးဝင်း အတွင်းနေ (၁)ဉာဏ်လင်း အောင်(သ) ၂၃နှစ် (ဖ)ဦးအောင်နိုင်၊ ဆီစက်လုပ်သား၊(၂) အောင်ဇေယျာ(ခ)မိုးဒီ(သ)၁၉နှစ်(ဖ)ဦးညွန့်လှိုင်၊မှီခို၊ (၃)ဝေဖြိုးအောင် (သ) ၁၉နှစ်(ဖ)ဦးမျိုးအောင်၊ လေထိုးကျွတ်ဖာ၊ (၄)ချစ်ကို(သ) ၁၇နှစ် (ဖ)ဦးကံကောင်း၊လေထိုးကျွတ်ဖာ၊ (၅)ခိုင်သက်အောင် (သ) ၁၈နှစ်(ဖ)ဦးအောင်ကျော်စိုး၊ ဝင်းဝင်း ကုန်စုံဆိုင်လုပ်သားတို့နှင့် (၆)ပျိုဝိုင်း(သ)၂၁နှစ် (ဖ)ဦးမြဝင်း၊ ပွဲရုံလုပ်သား၊ ဥသျှစ်ကုန်းရွာ၊ တောင်တွင်းကြီးမြို့နယ်(လက်ရှိနေရပ်၊ကုတင်၁၀၀ဆေးရုံဝင်း၊ နတ်မောက်လမ်း၊မကွေးမြို့၊ (၇)ဟိန်း ထက်အောင်(သ)၁၈နှစ်(ဖ)ဦးစံမောင်း၊ ဟိန်းစတားဆိုင်ကယ်ပြုပြင်ဆိုင်၊ ချမ်းမြေ့သာယာ(ဂ)အုပ်စု(၃)လမ်း၊ မကွေးမြို့ နေသူတို့ ဖြစ်ကြောင်းသိရသည်။

၎င်းတို့အား စစ်ဆေးခဲ့ရာ အခင်းဖြစ်ညက အရက်သေစာသောက်စားကာ သံတုတ်များ၊ဓားများကိုင်ဆောင်၍ ဆိုင်ကယ် များဖြင့် အုပ်စုဖွဲ့သွားလာကြပြီး မကွေးမြို့၊တောင်တွင်းလမ်းနှင့်မြင်းကင်းလမ်း ထောင့် ဗိဿနိုးဆောင် အမှောင်ရိပ်တွင် ရပ်ကာလမ်းသွား လမ်းလာ ဆိုင်ကယ်များအား အရှည် (၁၈)လက်မခန့်ရှိစတီးလ်ပိုက်လုံး (၂)ချောင်း၊ အရှည်(၂၀)လက်ခန့်ရှိ ဓား(၁)ချောင်း၊ အရိုးအသွား(၈)လက်မခန့်ရှိစတီးလ်ခေါက်ဓားမြောင်တို့ ကိုင်ဆောင်ကာ ခြိမ်းခြောက် ငွေတောင်းခံခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် မကွေးနယ်မြေရဲစခန်း(ပ)၁၅၉၁/၂၀၁၆၊ ရာဇသတ် ကြီးပုဒ်မ ၃၂၅/၄၂၇/၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မကွေးခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly