စီရော်နယ်လ်ဒိုဟာ 'အားလုံးအတွက် ကြီးကျယ်တဲ့ စံနမူနာ' ကစားသမားဖြစ်ဟု အန်ဒရေ ဂိုမက်စ် ပြော

စီရော်နယ်လ်ဒိုဟာ 'အားလုံးအတွက် ကြီးကျယ်တဲ့ စံနမူနာ' ကစားသမားဖြစ်ဟု အန်ဒရေ ဂိုမက်စ် ပြော
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်ရဲ့ စီရော်နယ်လ်ဒိုဟာ "အားလုံးအတွက် ကြီးကျယ်တဲ့ စံနမူနာ" ကစားသမားဖြစ်ကြောင်း ဘာစီလိုနာ ကွင်းလယ်ကစားသမား အန်ဒရေ ဂိုမက်စ်က ပေါ်တူဂီအသင်း လေ့ကျင့်ရေးစခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လက်ရှိမှာ ရော်နယ်လ်ဒိုဟာ ဒဏ်ရာရရှိနေတာကြောင့် ပေါ်တူဂီအသင်း ကစားရမယ့် ဂျီဘရော်လ်နှင့် ဆွစ်ဇလန် နှစ်ပွဲကို ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။

"သူက အရေးကြီးဆုံး ကစားသမားပါ။ ပွဲကစားဖို့ဆိုရင် အမြဲတမ်း အသင့်ရှိနေတဲ့သူပါ"လို့ အန်ဒရေ ဂိုမက်စ်က ပြောပါတယ်။

ဒီနွေရာသီမှာ ပေါ်တူဂီတို့ ပထမဆုံးအကြိမ် ယူရိုချန်ပီယံ ဖလားကိုင်မြောက်ခဲ့တဲ့ အဖွဲ့လိုက်စိတ်ဓာတ်နဲ့ပဲ ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ရင်ဆိုင်နိုင်မယ်လို့ အန်ဒရေ ဂိုမက်စ်က ပြောကြားခဲ့ပါတယ်။

နည်းပြ ဖာနန်ဒိုဆန်းတို့စ်ရဲ့ အသင်းဟာ စက်တင်ဘာလ ၁ ရက်မှာ ဂျီဘရော်လ်နဲ့ ခြေစမ်းပွဲကစားမယ့် ပွဲနှင့် စက်တင်ဘာလ ၆ ရက်မှာ ဆွစ်ဇလန်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတို့အတွက် ပေါ်တူဂီနိုင်ငံ၊ Oeiras မှာ စခန်းသွင်း လေ့ကျင့်နေတာဖြစ်ပါတယ်။

Ref; EFE

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly