အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ရွန်နီဆက်ရှိမည်

အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ရွန်နီဆက်ရှိမည်

သြဂုတ် ၃၀၊ လန်ဒန်။            ။ အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဝိန်းရွန်နီကို ဆက်လက်ထားရှိမည်ဖြစ်ပြီး လွယ်ကူသည့်ဆုံးဖြတ်ချက်ဟု နည်းပြအလာဒိုက်စ် ကပြောသည်။

ရွန်နီသည် အင်္ဂလန်အသင်းအတွက်ဂိုးအများဆုံးသွင်းထားသူဖြစ်ပြီး လွန်ခဲ့သည့်တစ်နှစ်က အင်္ဂလန်အသင်းခေါင်းဆောင်ရာထူး ကို ဂျရတ်ထံမှ လွှဲပြောင်းရယူခဲ့သည်။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ရွန်နီသည်အသင်းဖော်များထံမှ လေးစားမှု ကြီးစွာရရှိထားသူဖြစ်ပြီး အသင်းခေါင်းဆောင်တစ်ယောက်အဖြစ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသူဖြစ်သည်ဟု အလာဒိုက်စ်က ပြောသည်။

အင်္ဂလန်အသင်းသည် တနင်္ဂနွေတွင် ဆလိုဗက်ကီးယားနှင့်ကစားမည့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ပြင်ဆင်နေသည်။

အသက် ၃၀ နှစ်ရှိရွန်နီသည် ယူရို ၂၀၁၆ ရှုံးထွက်အဆင့်တွင် အသင်းငယ်လေးအိုက်စလန်ကိုရှုံးပြီး ပြိုင်ပွဲမှထွက်ခဲ့ရသည့် ရွိုင်းဟော့ဒ်ဆန်၏ အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့သည်။

ရွန်နီမှာ အင်္ဂလန်အသင်းကိုဦးဆောင်ရန် အကောင်းဆုံးဖြစ်သည့်အပြင် စီနီယာအကျဆုံးအသင်းသားတစ်ဦးအနေဖြင့်လည်း အသင်းကိုဦးဆောင်ရန်သင့်တော်သူဖြစ်ကြောင်း အလာဒိုက်စ်က ပြောသည်။

“အသင်းခေါင်းဆောင်ဆိုတာ ကွင်းထဲမှာလိုအပ်လာရင် ဆုံးဖြတ်ချက်ချရမယ့်သူပါ။ ဒါကသူ့ရဲ့ တာဝန်ပါပဲ။ ကလပ်အသင်းမှာ ရော နိုင်ငံအသင်းမှာပါ တာဝန်ကြီးကြီးယူရသူပါ။

ရွန်နီဟာ တာဝန်ယူရတာကို နှစ်သက်သူတစ်ယောက်ပါ။ တချို့ ကစားသမားတွေကတော့ တာဝန်မယူချင်ကြပါဘူး”ဟု အလာဒိုက်စ်က ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly