ကမ္ဘာလှည့်ခရီးသွား အမျိုးသမီးဧည့်သည်များအား စကတ်မဝတ်ဖို့ အိန္ဒိယ ယဉ်ကျေးမှုဝန်ကြီးပြော

ကမ္ဘာလှည့်ခရီးသွား အမျိုးသမီးဧည့်သည်များအား စကတ်မဝတ်ဖို့ အိန္ဒိယ ယဉ်ကျေးမှုဝန်ကြီးပြော

နယူးဒေလီ၊ သြဂုတ် ၃၀ ။        ။ အိန္ဒိယနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွား အမျိုးသမီးများအား နိုင်ငံအတွင်း ရောက်ရှိလည်ပတ်ကြချိန်၌ စကတ်မဝတ်ကြရန် တိုက်တွန်းပြောဆိုသည့် ယဉ်ကျေးမှုဝန်ကြီးအား   ဝေဖန်မှုများ ထွက်ပေါ်နေသည်။

လေဆိပ်တွင် ဝေငှသော လုပ်သင့်ရာနှင့် မလုပ်သင့်ရာ စာရင်းတွင် ဝန်ကြီးရှာမာက အထက်ပါအတိုင်း အကြံပြုထားခြင်းဖြစ်သကဲ့သို့ မြို့ငယ်များတွင် ညဘက် တစ်ယောက်တည်းအပြင်မထွက်ရန် အကြံပေးထားသည်။

နောက်ပိုင်းတွင် ဝန်ကြီးရှာမာက ဘာသာရေးနေများတွင် မဝတ်ရန်ပြောဆိုခြင်းဖြစ်ကြောင်း ပြန်လည်ရှင်းလင်းသည်။ ဝန်ကြီးရှာမာအနေဖြင့် ယခင်ကလည်း   ရှေးရိုးစွဲအယူအဆဖြင့်   ပြောဆိုမှုကြောင့်   ဝေဖန်ခံရဖူးသည်။

အနောက်တိုင်းယဉ်ကျေးမှုက အိန္ဒိယအတွက် အန္တရာယ်ဖြစ်ကြောင်း ပြောပြီး မိန်းကလေးများ ညဘက် အပြင်ထွက်ခြင်းက အိန္ဒိယယဉ်ကျေးမှု မဟုတ်ကြောင်း ပြောဆိုဖူးသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags