တိုရီနိုအသင်းနှင့် အပြောင်းအရွှေ့ကိစ္စအပြီးသတ်ရန် ဂျိုးဟတ် အင်္ဂလန်အသင်းမှ ခေတ္တထွက်ခွာ

တိုရီနိုအသင်းနှင့် အပြောင်းအရွှေ့ကိစ္စအပြီးသတ်ရန် ဂျိုးဟတ် အင်္ဂလန်အသင်းမှ ခေတ္တထွက်ခွာ

သြဂုတ် ၃၀၊ အင်္ဂလန် ။                 ။ မန်စီးတီးဂိုးသမား ဂျိုးဟတ်သည် စီးရီးအေကလပ်တိုရီနိုအသင်းသို့ ပြောင်းရွှေ့မည့်ကိစ္စ အဆုံးသတ်ရန်အတွက် အင်္ဂလန်အသင်းမှ ခေတ္တထွက်ခွာခွင့်ပြုရန် ခွင့်တောင်းခဲ့သည်။

တိုရီနိုအသင်းသည် ဂျိုးဟတ်ကို အီတလီသို့ခေါ်ဆောင်ရန်အတွက် ကိုယ်ပိုင်လေယာဉ်စီစဉ်ပေးခဲ့ပြီး အင်္ဂလန်နည်းပြ ဆမ်အလာဒွိုက်စ်ကလည်း ဂျိုးဟတ်ကို ၄၈ နာရီခွင့်ပြုခဲ့သည်။ ဆန်းဒါးလန်းအသင်းက ဂျိုးဟတ်ကို စိတ်ဝင်စားခြင်းမရှိတော့ဟု သတင်းများထွက်ပေါ်ပြီးနောက်တွင် အင်္ဂလန်လက်ရွေးစင် ဂိုးသမားက တိုရီနိုသို့ ပြောင်းရွှေ့လိုကြောင်း မန်စီးတီးထံ ခွင့်တောင်းခဲ့သည်။

မန်စီးတီးအသင်းကလည်း ဂျိုးဟတ်၏ခွင့်တောင်းမှုကို သဘောတူညီခဲ့သည်။ ဂျိုးဟတ်၏လက်ရှိလစာငွေမှာ တစ်ပတ်လျှင် ပေါင် ၁၃၅,၀၀၀ ဖြစ်သည့်အတွက် အသင်းများက ခေါ်ယူရန် အခက်အခဲ ဖြစ်ခဲ့ကြသည်။ ယခု တိုရီနိုအသင်းက ၎င်းအတွက် တစ်ပတ်လျှင် ပေါင် ၅၅,၀၀၀ ပေးချေမည် ဖြစ်သည်။

‘မှန်ပါတယ်။ ဂျိုးဟတ် တိုရီနိုအသင်းမှာ ကစားပါလိမ့်မယ်။ အပြောင်းအရွှေ့က ပြီးသွားပါပြီ။ ကစားသမားက သဘောတူပြီးသလို မန်စီးတီးအသင်းက သွားခွင့်ပြုခဲ့ပါတယ်’ ဟု အေးဂျင့် ဂျိုနသန်ဘားနက်က   ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly