ဗလင်စီယာတိုက်စစ်မှူး အယ်ကာဆာကို ဘာစီလိုနာ ခေါ်ယူ

ဗလင်စီယာတိုက်စစ်မှူး အယ်ကာဆာကို ဘာစီလိုနာ ခေါ်ယူ

သြဂုတ် ၃၀၊ စပိန် ။       ။ လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းသည် ဗလင်စီယာအသင်းမှ စပိန်လက်ရွေးစင်တိုက်စစ်မှူး ပါကိုအယ်ကာဆာကို ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်းဖြင့်  ခေါ်ယူနိုင်ခဲ့ပြီ   ဖြစ်သည်။

အယ်ကာဆာသည် တနင်္လာနေ့က ဘာစီလိုနာအသင်းတွင် ဆေးစစ်မှုခံယူခဲ့ပြီး ၎င်း၏ရုပ်ပုံများကို ဘာစီလိုနာအသင်းဝက်ဆိုက်တွင် ဖော်ပြခဲ့သည်။ ဘာစီလိုနာအခြေစိုက် သတင်းစာ Mundo Deportivo က ဘာစီလိုနာအသင်းသည် အယ်ကာဆာကို ငါးနှစ်စာချုပ်ချုပ်ဆိုမည်ဟု ဖော်ပြထားသည်။

အသက် ၂၂ နှစ်အရွယ်သာရှိသေးသည့် အယ်ကာဆာသည် ဗလင်စီယာလူငယ်အသင်းမှ ပေါ်ထွက်လာသူဖြစ်ပြီး ၂၀၁၀ ခုနှစ်က စတင်ကာ အသင်းကြီးတွင် ပွဲထွက်ခွင့်ရခဲ့သည်။ သို့သော် ၂၀၁၂-၁၃ ရာသီတွင် ဂီတာဖေးသို့အငှားသွားရောက်ခဲ့စားခဲ့သည်။ ထို့ နောက်ပိုင်းတွင် ဗလင်စီယာအသင်းကြီးအတွက် နှစ်စဉ်ခြေစွမ်းပြကစားနေသူဖြစ်သည်။

ဗလင်စီယာအသင်းအတွက် ၁၂၃ ပွဲကစားပြီး ၄၃ ဂိုးသွင်းယူပေးထားသည်။ ပြီးခဲ့သည့်နှစ်က ပွဲ ၄၀ တွင် ၁၅ ဂိုးသွင်းယူပေးခဲ့သည်။ ၂၀၁၄ ခုနှစ်ကစတင်ပြီး စပိန်အသင်းတွင် ရွေးချယ်ခံခဲ့ရကာ ၁၃ ပွဲတွင် ၆ ဂိုးသွင်းထားသည်။ အယ်ကာဆာသည် ယခုနှစ်ရာသီတွင် ဘာစီလိုနာအသင်း၏ ခြောက်ယောက်မြောက်ကစားသမားခေါ်ယူမှုဖြစ်ပြီး အန်ဒရီဂိုမက်ဇ်ပြီးနောက် ဗလင်စီယာမှ ဘာစီလိုနာသို့   ရောက်ရှိလာသော ဒုတိယမြောက်ကစားသမားဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly