တရုတ်နိုင်ငံ တောင်ပိုင်းမှာ ဘတ်စ်ကား မတော်တဆ တိမ်းမှောက်မှုကြောင့် လူ (၁၀) ဦး သေဆုံး၊ (၃၂) ဦး ဒဏ်ရာရ

တရုတ်နိုင်ငံ တောင်ပိုင်းမှာ ဘတ်စ်ကား မတော်တဆ တိမ်းမှောက်မှုကြောင့် လူ (၁၀) ဦး သေဆုံး၊ (၃၂) ဦး ဒဏ်ရာရ
(ဓာတ်ပုံ - အီးပီအေ)

တရုတ်နိုင်ငံ တောင်ပိုင်း ဂွမ်ဇီရှိ အဝေးပြေးလမ်းကြီးပေါ် ဘတ်စ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ (၁၀) ဦး သေဆုံးပြီး (၃၂) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆင်ဟွာက ဖော်ပြခဲ့ပါတယ်။

ဒေသစံတောချိန် မနက် ၁၀ နာရီက ပြည်နယ်မြို့တော် နန်နင်းမှာ  အဆိုပါ ဘတ်စ်ကားဟာ လမ်းကြောင်းပြောင်းသွားပြီး အဝေးပြေးလမ်မးရဲ့ ဘေးကာနံရံတွေကို ပွတ်တိုက်ပြီး တိမ်းမှောက်သွားတာဖြစ်ပါတယ်။

ဒဏ်ရာရသူ (၅) ဦးမှာ ဦးနှောက်နှင့် ကျောရိုးဒဏ်ရာများကြောင့် အခြေအနေဆိုးတယ်လို့ ဂွမ်ဇီဆေးရုံမှ ဆရာဝန်များက ဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုများအရ ယာဉ်မောင်းသမားဟာ ရုတ်တရက် နေမကောင်းဖြစ်ဖွယ်ရှိတာကြောင့် ဘတ်စ်ကားကို ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားပြီး ယခုလို မတော်တဆဖြစ်ကြောင်း ယာဉ်မောင်းလည်း နေရာမှပင် သေဆုံးခဲ့ကြောင်း သိရပါတယ်။

အဆိုပါမတော်တဆမှုကြောင့် အဝေးပြေးလမ်းမကြီးပေါ် (၆) ကီလိုမီတာရှည် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့တယ်လို့ ဆင်ဟွာက ဖော်ပြခဲ့ပါတယ်။

Ref; EFE

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly