အိုင်အက်စ်တို့က ဘင်္ဂလားဒေ့ရှ်တွင် အဆက်အသွယ်များ ရှိနေဟု ဂျွန်ကယ်ရီပြော

အိုင်အက်စ်တို့က ဘင်္ဂလားဒေ့ရှ်တွင် အဆက်အသွယ်များ ရှိနေဟု ဂျွန်ကယ်ရီပြော

ဒါကာ၊ သြဂုတ် ၂၉ ။             ။ အမေရိကန်နိုင်ငံအနေဖြင့် အိုင်အက်စ်ဆဲလ်များက ဘင်္ဂလားဒေ့ရှ်အထိ ရှိသည်ဟု လက်ခံထားကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက သြဂုတ် ၂၉ ရက်၌ ပြောပြီး ထောက်လှမ်းရေးနှင့် ဥပဒေပြုရေးတို့တွင် အကူအညီတိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့သည်။

ဒါကာမြို့တော်ရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် ဇူလိုင် ၁ ရက်က တိုက်ခိုက်မှုဖြစ်ပွား၍ အမေရိကန်တစ်ဦးအပါအဝင် မွတ်စလင်နှင့် နိုင်ငံခြားသား လူပေါင်း ၂၂ ဦး သေဆုံးပြီးနောက်ပိုင်း ဂျွန်ကယ်ရီ၏ ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

သို့သော်လည်း ဝန်ကြီးချုပ် ရှိတ်ဟာစီနာ အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက ဂျွန်ကယ်ရီ၏ ထုတ်ပြန်ချက်နှင့် လုံးလုံးလျားလျား ဆန့်ကျင်စွာ ဆိုသည်။ အိုင်အက်စ်တို့က ၎င်းတို့ ကျုးလွန်သည်ဆိုထားသော ယင်းတိုက်ခိုက်မှုမှာ ပြည်တွင်းစစ်သွေးကြွများ၏ လက်ချက်သာဖြစ်ပြီး ပြည်ပနိုင်ငံခြားလက်ချက် မဟုတ်ကြောင်း ပြောသည်။

ကော်ဖီဆိုင် စီးနင်းတိုက်ခိုက်မှုအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရက်ရက်စက်စက် ကျုးလွန်သည့် အကြမ်းဖက်မှုများလည်း ဖြစ်ပွားခဲ့သည်။ ပညာတတ်များ၊ ဘာသာရေးနှင့်ဆိုင်ရာမှ လူပုဂ္ဂိုလ်များနှင့် လိင်တူဆက်ဆံသူများနှင့် နိုင်ငံခြားသားများအား အကြမ်းဖက်သတ်ဖြတ်ခြင်းများ ဖြစ်ပွား၍ သန်း ၁၆၀ ရှိသော မွတ်စလင်အများစုနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအပေါ် စိုးရိမ်မှုများ မြင့်တက်လျက်ရှိလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly