မြိတ်တွင် သစ်ကုန်ကြမ်းရှားပါးလာခြင်းကြောင့် သစ်စက်လုပ်ငန်းရှင်များ လုပ်ငန်းရပ်ဆိုင်းရမည့် အခြေအနေ ဖြစ်လာ

မြိတ်တွင် သစ်ကုန်ကြမ်းရှားပါးလာခြင်းကြောင့် သစ်စက်လုပ်ငန်းရှင်များ လုပ်ငန်းရပ်ဆိုင်းရမည့် အခြေအနေ ဖြစ်လာ
ဓာတ်ပုံ -ဇော်နီ မြိတမြို့ရှိ ဝါး၊ ဓနိအရောင်းဆိုင်တစ်ခုမှ မျောတိုင်၊ အချင် သစ်များရောင်းချနေသည်ကိုတွေ့ရစဉ်

မြိတ်၊ သြဂုတ်- ၂၉ ။                     ။ သစ်ထုတ်လုပ်ခွင့်ရပ်ဆိုင်းပြီးနောက်ပိုင်း သစ်ကုန်ကြမ်းရှားပါးလာခြင်းကြောင့် တနင်္သာရီတိုင်း မြိတ်မြို့ရှိ သစ်စက်လုပ် ငန်းရှင်များအနေဖြင့် လုပ်ငန်းများရပ်ဆိုင်းရမည့် အနေအထားအထိ အခက်အခဲများဖြစ်ပေါ်နေကြောင်း မြိတ်မြို့သစ် စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးပြည်စိုးက ဆိုသည်။

“လောလောဆယ် ကုန်ကြမ်းတွေက သိပ်မရှိတော့ဘူးလေ။ ကုန်ကြမ်းရှိတဲ့ သူတွေကတော့ လည်နေတုန်း ပဲ။ မရှိတဲ့ သူတွေက တော့ ရပ်ထားရတယ်။ ခု တပြိုင်တည်း နားဖို့ဆိုတာက ကုန်ကြမ်းမရှိတဲ့ သူကများလာပြီ။ ဒါကြောင့် အား လုံးက ညီညီညွှတ်ညွှတ်နဲ့ အစည်းအဝေးပုံစံဆွေးနွေးပြီးတော့ လက်မှတ်ထိုး တိုင်းဒေသကြီးအစိုးရအဖွ့ဲနဲ့ ဝန်ကြီးချုပ်ဆီ စာတင်မယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်(၂၄)ရက်က မြိတ်မြို့သို့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ လာရောက်ခဲ့စဉ်ကလည်း ၎င်း အနေဖြင့် သစ်စက်လုပ်ငန်းများ အနေအထားနှင့် ပတ်သက်၍ တင်ပြခြင်းများပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌက အဆိုပါ အခြေအနေနှင့် ပတ်သက်၍ အရေးကြီးအဆိုတစ်ရပ်အနေဖြင့် စဉ်းစားဆောင်ရွက်ပေး သွားမည်ဟု ကတိပြု ခဲ့သည်။

ထို့အပြင် တိုင်းဒေသကြီးအတွက် သစ်တန်(၅၀၀၀) ထုတ်ခွင့်နှင့် ပတ်သက်၍ သစ်လိုအပ်ချက်အရ မြိတ်နှင့်ထား ဝယ် မြို့များတွင် မြန်မာ့သစ်လုပ်ငန်းမှ သင့်တော်သည့် တန်ပမာဏတွက်ချက်၍ အိတ်ဖွင့်တင်ဒါရောင်းချပေးမည်မှာလည်း လက်ရှိ အချိန်တွင် ကြန့်ကြာနေသည့် အနေအထားဖြစ်နေသည့်အတွက် အမြန်ဆုံးဆောင်ရွက်ပေး နိုင်ရန် မြိတ် သစ်လုပ်ငန်းရှင်များအသင်း ဥက္ကဌအနေဖြင့် တင်ပြတောင်းဆိုခဲ့သည်။

မြိတ်မြို့၌ သစ်လုပ်ငန်းရှင်များအပြင် ဝါး၊ ဓနိရောင်းဆိုင်များမှလည်း ဒေသတွင်း အသုံးပြုလျက်ရှိသည့် မျော တိုင်၊ အ ချင်သစ် များထုတ်လုပ်ရောင်းချခွင့် အခက်အခဲများ ဖြစ်လာနေခြင်းကြောင့် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ သြဂုတ်လ အကုန်တွင် တင်ပြတောင်း ဆိုသွားမည်ဟု ဝါး၊ ဓနိရောင်းသူများက ဆိုသည်။

ဝါး၊ဓနိရောင်းဆိုင်များအနေဖြင့် အဆိုပါ မျောတိုင်၊ အချင်သစ်များသည် သစ်တောဥပဒေအရ ထုတ်လုပ် ရောင်းချခွင့်မရှိ သော်လည်း ဒေသတွင်းလိုအပ်ချက်အရ ခွင့်ပြုပေးရန်စဉ်းစားသင့်ကြောင်းနှင့်   မျောတိုင်၊ အချင်သစ်များ ရောင်းချ သူ များအနေဖြင့် တရားဝင် အခွန်ငွေများပေးဆောင်ရန်အတွက်လည်း စဉ်းစားထားသည့် အခြေအနေဖြစ်ကြောင်း မြို့နယ် သစ်တောဌာနဦးစီးမှူးက သုံးသပ်သည်။

“မြိတ်မြို့မှာ ဝါး၊ ဓနိဆိုင်တွေပဲ တရားဝင်အနေနဲ့ရှိတယ်။ မျောတိုင် ရောင်းချခွင့်နဲ့ ပတ်သက်လို့ကတော့ လေလံအောင်တဲ့ သူမှ ပဲ ရှိတာပေါ့။ ပုံစံ(၈)နဲ့ လေလံအောင်တဲ့သူမှပဲ မျောတိုင်တွေက တရားဝင်ရောင်း ချပိုင် ခွင့်ရတယ်” ဟု မြို့ နယ်သစ်တောဦး စီးဌာနဦးစီးမှူး က ဆိုသည်။

သစ်စက်လုပ်ငန်းရှင်အနေဖြင့် မြိတ်မြို့တွင် စုစုပေါင်း စက်အချောထည်(၂) စက်၊ စက်ကြီး(၁) ၊ စက်သေး (၃၀)၊ လျှာ ထိုး(၄၀) လုံး စုစုပေါင်း (၇၃)စက် ရှိကြောင်းသိရသည်။

ဝါး၊ ဓနိလုပ်ငန်း လုပ်ကိုင်သူများအ နေဖြင့် စုစုပေါင်း (၃၁)ဆိုင်ရှိသည်ဟု မြို့နယ် သစ်တော ဦးစီးဌာန၏ စာရင်းဇယား အရ သိရသည်။ သစ်ကုန်ကြမ်းမရရှိမှုကြောင့်   ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း တနင်္သာရီတိုင်း၏ တစ်ခုတည်းသော သစ်ပါးလွှာ အထပ်သား စက်ရုံ ယာယီ လုပ်ငန်းရပ်ဆိုင်းထားရသည့် အခြေအနေများလည်းရှိ ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly