NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

မြန်မာနိုင်ငံသားများဘဏ်အနေနဲ့ မြတ်ချင်မှမြတ်မယ်။ ရှုံးသွားဖို့တော့ မရှိဘူးလို့ မြန်မာ နိုင်ငံသားများဘဏ်ရဲ့ ဦးဆောင် ညွှန်ကြားရေးမှူး ဆရာဦးမြင့်ဝင်း ပြော

.

လေ့လာထားတဲ့အပေါ်မှာ မြန်မာနိုင်ငံသားများဘဏ်မှာ ရှယ်ယာရှင်ပေါင်းက ၁၆၀၀ ကျော် ရှိတယ်လို့ ပြောတယ်ခင်ဗျ။ သူ့ရဲ့ အရင်းအနှီးကကျတော့ ကျပ် ၅၂ ဘီလီလျံ ရှိတယ်လို့လည်း သိရတယ်ခင်ဗျ။ ဆိုတော့ ဒီ ၅၂ ဘီလျံက ဒီ ရန်ကုန်စတော့ အိတ်ချိန်းမှာ ဝင်တဲ့အခါမှာရော ဒီ ၅၂ ဘီလျံသည် ဈေးကွက် အရင်းအနှီး ဖြစ်မလား။

အားလုံး မဖြစ်ပါဘူးခင်ဗျ။ အားလုံးမဖြစ်ဘူးဆိုတာက ကျွန်တော်တို့က လောလောဆယ် ဘဏ်တွေမှာ ရှယ်ယာတိုးတဲ့အခါမှာ ကျွန်တော်တို့က နံပါတ်တစ် ငွေဖြူ ငွေမည်း စိစစ်တာ ရှိပါတယ်။ နောက် အခွန်ဆောင်ပြီး မဆောင်ပြီး ရှိပါတယ်။ ကျွန်တော်တို့ လုံးဝ Clear ဖြစ်တာကတော့ ၃၇ ဘီလီလျံ ရှိပါတယ်။ ခုနက ကျွန်တော်တို့အပါအဝင် ဒါရိုက်တာတွေ သူနဲ့ပတ်သက်တဲ့ Relaction တွေကို ကျွန်တော်တို့က Window မလုပ်ခင် ကျွန်တော်တို့က ဒါကို ရောင်းလို့ ဝယ်လို့ မရပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ ရောင်းဝယ်နိုင်တဲ့ အကြမ်းမျဉ်း လျာထားတာကတော့ ၁၅   ရှိပါတယ်။

သိရတာက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း ဒီမှာ ကျောထောက် နောက်ခံ ရှိတယ်လို့ သိရတယ်ခင်ဗျ။

အစကတော့ မှန်ပါတယ်ခင်ဗျ။ ၂၀၁၂ ကစပြီးတော့ ကျွန်တော်တို့ မူပြောင်းလိုက်ပါတယ်။ မူပြောင်းလိုက်တာက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ရှယ်ယာတွေက ကျွန်တော်တို့ လိုအပ်တဲ့ တိုးချင်သလောက် တိုးလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်ဘတ်ဂျက် တင်ပြရတယ်။ နိုင်ငံတော်က ခွင့်ပြုတဲ့ ဘတ်ဂျက်အရမှ ဝင်လို့ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က အဓိက ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလို့ရှိရင် Capital လည်း လိုလာတယ်။ လိုလာတော့ ကျွန်တော်တို့ ဝန်ကြီးဌာန တင်မကဘူး အများပြည်သူများကိုပါ စွဲဆောင်ပြီးတော့ Capital တိုးလာပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ယနေ့အထိဆိုရင် စီးပွားကူးသန်းက ၅.၁၂ ဘီလီလျံ ရှိပါတယ်။ ဒီ ၅၂ ဘီလျံထဲမှာ အများပြည်သူက ကျန်တာပေါ့နော်။ ရာခိုင်နှုန်းအားဖြင့်တော့ ၉.၈ ရာခိုင်နှုန်းကျော် ရှိပါတယ်။

ပွင့်လင်းမြင်သာမှုရှိအောင် ပုဂ္ဂလိက အခန်းကဏ္ဍကို ကူးပြောင်းတဲ့အခါမှာ ဘယ်လောက်ထိ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ထားလဲခင်ဗျ။

ကျွန်တော်တို့က အခု ရန်ကုန်စတော့ အိတ်ချိန်း ဝင်လာကတည်းက နဂိုတုန်းကတော့ Team Work မှတ်တမ်းတွေကို ပြင်ရပါတယ်။ အရင်တုန်းကတော့ ကျွန်တော် အပါအဝင်ပေါ့ဗျာ။ ဥက္ကဋ္ဌတွေ ကျန်တဲ့ ဒါရိုက်တာ ငါးဦးကို စီးပွားကူးသန်းက ယူပါတယ်။ စုစုပေါင်း ဒါရိုက်တာ ၁၅ ဦးမှာပေါ့။ ကျန်တဲ့ ၁၀ ဦးကို အများပြည်သူကနေ ရွေးပါတယ်။ အဲဒီအပြင်ကို ဥက္ကဋ္ဌက MD ကို စီးပွားကူးသန်းက ခန့်ပါ တယ်။ အဲဒီမှာ ကျွန်တော် MD အနေနဲ့ အဲဒီတုန်းက ပါလာပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ကျွန်တော်တို့ ပုဂ္ဂလိကပိုင်း ဝင်တော့မယ်ဆိုတော့ ခုနကလို ခန့်ချင်တဲ့သူကို ခန့်လို့ မရတော့ဘူး။ ရွေးချယ်ခံတဲ့သူပဲ ဒါရိုက်တာအဖြစ် ရွေးရပါတယ်။

ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော် လေ့လာသလောက်ကတော့ မြန်မာနိုင်ငံသားများဘဏ်ရဲ့ ပင်မ ဒါရိုက်တာအဖွဲ့ဝင် ၁၂ ဦးထဲမှာဆိုရင် စီးပွားကူးသန်းက အမြဲတမ်း အတွင်းဝင်လိုမျိုးတို့ ပြီးတော့ မြန်မာ နိုင်ငံရဲ့ ထိပ်တန်း စီးပွားရေးကုမ္ပဏီဖြစ်တဲ့ Capital Diamond Star က လုပ်ငန်းရှင်တွေလည်း ပါဝင် ပတ်သက်နေတယ်ခင်ဗျ။ ဆိုတော့ ငွေကြေးစုဖွဲ့မှုနဲ့ လုပ်ငန်းခိုင်မာမှုအရရော ရန်ကုန်စတော့ အိတ်ချိန်း မှာ တင်တဲ့အခါ ဘယ်လောက် အာမခံလဲ။

စီးပွားကူးသန်းက ကျွန်တော်တို့ကို နဂိုက တကယ့် ကျောထောက်နောက်ခံဆိုတာ မှန်ပါတယ်။ အခုတော့ ကျွန်တော်တို့ရဲ့ ရှယ်ယာရှင်တစ်ဦးအနေနဲ့ Support လုပ်တဲ့အပိုင်းပဲ ရှိပါတယ်တော့တယ်။ သူ့အပေါ်မှာ လုံးလုံးကြီး မှီခိုရတာ ကျွန်တော်တို့ မရှိတော့ပါဘူး။ ခုနကလိုပေါ့ Capital Diamond တို့လို Brother တို့လို ကုမ္ပဏီကြီးတွေ ပါဝင်လာပါတယ်။ သူတို့ရဲ့ ပါဝင်မှုက ကျွန်တော်တို့ရဲ့ ဘဏ်ရဲ့ ခိုင်မာမှုကို အများကြီး အထောက်အကူပြုပါတယ်။ အဲဒီအပြင်ကို ရှယ်ယာရှင် အသေးတွေလည်း ရှိပါ သေးတယ်။ ဒါကြောင့်မို့ ဒါတွေအားလုံး ပေါင်းစပ်လိုက်လို့ရှိရင် ခုနက စီးပွားကူးသန်းအပေါ်မှာ လုံးလုံး လျားလျား ကျွန်တော်တို့ မရပ်တည်ပါဘူးဆိုတာကို ကျွန်တော်အနေနဲ့ တင်ပြခြင်း ဖြစ်ပါတယ်။

စာရင်းရှင်းတဲ့အပိုင်းကိုရော ဘယ်လောက်ထိ လုပ်ခဲ့ပြီးပြီလဲခင်ဗျ။ နောက်ဆုံး ဘယ်နှစ်မှာ စီးပွားကူးသန်းရဲ့ ငွေစာရင်း ရှင်းတမ်းတွေကို မြန်မာနိုင်ငံသားများနဲ့ မသက်ဆိုင်တော့ပဲနဲ့ လွှဲပေးတဲ့အ ပိုင်းတို့ ဖြတ်တောက်တဲ့အပိုင်းတို့ စာရင်းရှင်းတဲ့အပိုင်းပါပဲနော် ကျွန်တော်နားလည်သလောက်ကတော့ ။ အဲဒါတွေကို ဘယ်လောက်ထိ လုပ်ခဲ့ပြီးပြီလဲခင်ဗျ။

ဒါကတော့ မရှိပါဘူး။ စီးပွားကူးသန်းရဲ့ ရှယ်ယာက စီးပွားကူးသန်းပါပဲ။ ထပ်တိုးတာ မတိုးတာ အပိုင်းပဲ ရှိပါတယ်။ ထပ်တိုးနိုင်တဲ့အပိုင်းထိ သူတို့ ထပ်တိုးလာတာပေါ့နော်။

ဘယ်လောက်ထိ ထပ်တိုးလာလဲခင်ဗျာ။

ထပ်တိုးတာဆိုရင် ကျွန်တော်ရောက်ခါစက ၂.၂ ဘီလျံ ရှိပါတယ်။ ၂၀၁၂ ကပေါ့။ အခု ၅.၂ ဘီလျံ ရှိပါတယ်။ ၃ ဘီလျံ တိုးလာပါတယ်။

ဟုတ်ကဲ့ပါ။ ၃ ဘီလျံ တိုးလာတယ်ဆိုတော့ ရန်ကုန်စတော့အိတ်ချိန်းမှာ ဒီရဲ့ ငွေအရင်းအနှီးက လည်း ဆက်ရှိနေဦးမှာပေါ့နော်။

ရှိနေမှာပါ။ သို့သော်လည်း စီးပွားကူးသန်း ရှယ်ယာဆိုတာကလည်း အစိုးရဟာလေ။ ရောင်းဖို့ ဝယ်ဖို့ဆိုတာက သူတို့ ကက်ပိနက် တင်ရမှာပေါ့နော်။ နိုင်ငံတော်က ခွင့်ပြုမှ ရောင်းလို့ ဝယ်လို့ Market ထဲကို ဝင်လို့ရပါမယ်။ ဒါကြောင့်မို့ သူ့ရဲ့ ရှယ်ယာတွေကိုတော့ ရောင်းဖို့ ဝယ်ဖို့ထဲမှာတော့ ထည့်မတွက်ထားပါဘူး။

ဒီအပေါ်မှာ အချို့ကုမ္ပဏီတွေဆိုရင် အထူးပြုလုပ်တဲ့အပေါ်မှာ ပိုပြီးတော့ သုံးစွဲမှုစရိတ်က ပိုမြင့် တယ်ခင်ဗျ။ ဥပမာ FMI တို့ ဘာတို့ဆိုရင် မနှစ်ကထက်ကို ဒီနှစ် ငွေကြေးသုံးစွဲမှုတွေ ပိုများလာတယ်။ အဲအခါမှာ သူတို့ ပေးခဲ့တဲ့ ရှယ်ယာတန်ဖိုးကလည်း တစ်စုကိုမှ ၁၃၅ ကျပ်လောက်ပဲ ပေးနိုင်တယ်ပေါ့ နော်။ ဆိုတော့ မြန်မာနိုင်ငံသားများဘဏ်က အကျိုးအမြတ်တွေ ရှိလာတယ်ပေါ့နော်။ ဘဏ်လည်း ဖြစ်လာတဲ့အတွက်မိုလို့ အပ်ငွေတွေအပေါ်မှာတင် စီးပွားဖြစ်တယ်လို့ ပြောလို့ရတယ်ပေါ့နော်။ ပြည်တွင်း စီးပွားဖြစ် ဘဏ်လုပ်ငန်းကပေါ့။ ဆိုတော့ ရန်ကုန်စတော့ အိတ်ချိန်းကို တင်တဲ့အခါ မြန်မာနိုင်ငံသားများ ဘဏ်အနေနဲ့ ရှယ်ယာအရောင်းအဝယ်တွေကို ဘယ်လိုလုပ်လဲ။

ရှယ်ယာအရောင်းအဝယ်ကို ကျွန်တော်တို့က Control မလုပ်ပါဘူး။ ဒါက ရှယ်ယာရှင်တွေရဲ့ ဆန္ဒပေါ့နော်။ ရှယ်ယာရှင်တွေရဲ့ ဆန္ဒက သူရောင်းချင်တယ် သူ့အတွက် တွက်ချေကိုက်မယ်ဆိုရင် သူရောင်းမှာပဲ။ ဝယ်မယ့်သူကလည်း သူ့အတွက် ရင်းနှီးမြှုပ်နှံ့မှု ကောင်းမယ်ဆိုရင် သူဝယ်မှာပါ။ ဒီအပေါ်မှာ ကျွန်တော်တို့ Control မလုပ်ပါဘူး။ သို့သော်လည်း ကျွန်တော်တို့က အမြတ်ဝေစုနဲ့ ပတ်သက်လို့ ကျွန်တော်အနေနဲ့ တင်ပြချင်တာလေး ရှိပါတယ်။ အခု ကျွန်တော်တို့က ရလာတဲ့ အမြတ်ဝေစု အားလုံးကို ကျွန်တော်တို့က မနှစ်ကအထိ အကုန် ခွဲပေးတယ်။ ကျွန်တော်တို့ ပြန်လည် မရင်းနှီးဘူးပေါ့။ ဒါကြောင့်မို့ ကျွန်တော်တို့ဘဏ်ကလည်း တအားကြီး မတိုးတက်ဘူးပေါ့နော်။ ဘဏ်ခွဲ ဆိုလည်း အခုထိမှ ၂၁ ခုပဲ ရှိသေးတယ်။ ဒါပေမယ့် နောက် ၅ နှစ်အတွင်းမှာ ကျွန်တော်တို့က ဘဏ်ခွဲ ပေါင်း အခု ၂၁ ခုအပြင် ၅၀ ထပ်ပြီးတော့ တိုးချဲ့ဖို့ ဆွဲထားပါတယ်။ အဲလိုပဲ လူသားအရင်းအမြစ်နဲ့ ဖွဲ့ဖြိုးတိုးတက်မှု လုပ်ဖို့အတွက်ကိုလည်း ကျွန်တော်တို့ နိုင်ငံခြား Expert တွေ ငှားပြီးတော့ ခေါ်သုံးဖို့ ရှိတယ်။ လာမယ့်နှစ်ဆိုရင်တော့ ကျွန်တော်တို့က ဘဏ်ကြီးတွေလုပ်သလိုပဲ ကျွန်တော်တို့ လုပ်ပါ တော့မယ်။ ဒီလိုနယ်ပယ်တွေမှာ ကျွန်တော်တို့ ရရှိလာတော့မှာဖြစ်တဲ့အတွက် ရရှိလာတဲ့ အမြတ်တွေ ကို တချို့တဝက်ကို ခွဲဝေပေးမယ် တချို့တစ်ဝက်ကိုတော့ ဒီထဲမှာ ပြန်ပြီးတော့ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။

အဆုံးသတ် မေးရမယ်ဆိုရင်တော့ တတိယပြိုင်မျဉ်း ဖြစ်လာမယ့် မြန်မာနိုင်ငံသားများဘဏ်မှာ ရန်ကုန်စတော့အိတ်ချိန်းမှာ ပြင်ဆင်ထားတဲ့အပိုင်းတွေကိုတော့ ကျွန်တော်တို့ ကနဦး ဆွေးနွေးသွား တဲ့အထဲမှာ တွေ့ရတယ်ခင်ဗျ။ အထူးတလည် ပြင်ဆင်ရမယ့်အပိုင်းတွေက ဘာလဲ။ လူသား စွမ်းအင် အရင်းအမြစ်လား။ ဘဏ်လုပ်ငန်းအမျိုးအစားတွေ တိုးချဲ့တာလား။ လုပ်ငန်းတွေအပေါ်မှာ ပိုပြီးတော့ အာရုံစိုက်လာတာလား။

ကျွန်တော်တို့က ဒါကို ပြောရရင်တော့ လုပ်ငန်းအပေါ်မှာ အာရုံစိုက်တာကတော့ ၂၀၁၂ နောက်ပိုင်းထဲက လုပ်ငန်းအပေါ်မှာ ကျွန်တော်တို့ အာရုံစိုက်တယ်။ စိုက်ပြီးတော့လည်း Capital တိုးတယ်။ Capital တိုးလို့လည်း ကျွန်တော်တို့ ဘဏ်ခွဲတွေ ဖွင့်နိုင်တာပေါ့နော်။ အဓိက ကျွန်တော်တို International ဘက်ကို ထိုးထိုးဝင်ဝင် ဆောင်ရွက်တော့မယ်ဆိုလို့ရှိရင် လူသားအရင်းအမြစ်က တော်တော်ကို အရေးကြီးလာတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒီအပေါ်မှာ နံပါတ် ၁ ဒီနှစ်ကနေ စပြီးတော့ ကျွန်တော်တို့ Expert တွေ ငှားမယ်။ ကျွန်တော်တို့ ဘဏ်ရဲ့ ဝန်ထမ်းတွေ ကျွန်တော်အပါ အဝင်ပေါ့ဗျာ လုပ်ငန်းတွေ တိုးတက်အောင်လုပ်မယ်။ နံပါတ် ၂ ကတော့ ကျွန်တော်တို့ အိုင်တီစနစ် နောက်ကျလို့မရတော့ဘူး။ အိုင်တီစနစ် နောက်ကျလို့ရှိရင် ကျွန်တော်တို့ရဲ့ အားလုံးသိတဲ့အတိုင်းပဲ ဆောင်ရွက်မှုက နှေးကွေးမယ်ပေါ့နော်။ သူများတကာလို သွက်လပ်မှု မရှိတော့ဘူး။ အဲအခါကျရင် ကျွန်တော်တို့ဆီကနေပြီးတော့ ဘာပဲပြောပြော Customer တွေက ထွက်ခွာသွားနိုင်တဲ့သဘော ရှိတယ်ပေါ့နော်။ ဒီလိုမဖြစ်အောင် ကျွန်တော်တို့က လုပ်ကို လုပ်ရတော့မှာပေါ့နော်။

ဒီနေရာမှာ ကျွန်တော် အဆုံးသတ်မေးချင်တာ တစ်ခုကတော့ ပြည်တွင်းဘဏ်တွေထဲမှာတော့ ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်တယ် ဆိုရင်တော့ မြန်မာနိုင်ငံသားများဘဏ်က ပထမဦးဆုံးပေါ့ အဲလို ပြောလို့ရတယ်ခင်ဗျ။ ဆိုတော့ ဘဏ်လုပ်ငန်းတစ်ခုအနေနဲ့ ရန်ကုန်စတော့အိတ်ချိန်းမှာ ဝင်လိုက် တဲ့အပေါ်မှာပေါ့နော် စိုးရိမ်စရာတွေများ ရှိနိုင်မလားခင်ဗျ။ ဘဏ်လုပ်ငန်း ဖြစ်တဲ့အတွက်ကြောင့်မို့။

ကျွန်တော့်တို့အနေနဲ့ တွေးရင်တော့ စိုးရိမ်စရာ မရှိပါဘူး။

ဘာကြောင့်လဲ။

ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ပရိုဖိုင်းကို ကြည့်ရင် သိနိုင်ပါပြီး။ ၂၄-၂၅ နှစ်အတွင်း လုပ်ခဲ့တဲ့ ပရိုဖိုင်ကိုကြည့်ရင် ရှုံးတယ်ဆိုတဲ့နှစ် မရှီပါဘူး။ ပြီးတော့ ရင်းနှီးပြီးတော့ တိုးတက်လာတဲ့ နှစ်ပဲ ရှိပါတယ်။ ဝင်ငွေကိုလည်း ကြည့်လိုက်ရင် တစ်နှစ်တစ်နှစ် တိုးလာတာပဲ ရှိပါတယ်။ အများကြီး ကျွန်တော်တို့ မြတ်ချင်မှမြတ်မယ်။ ရှုံးသွားဖို့တော့ မရှိဘူး။ ဒါကြောင့်မို့ ရင်းနှီးမြှုပ်နှံ့တဲ့သူတွေကလည်း ဒီအပေါ်မှာ သိသင့်တာပေါ့နော်။ ကျွန်တော်တို့ အစအဆုံးကို အသေးစိတ် ဆွဲပေးထားတယ်။ အဲအပေါ်မှာ မကြည့်တက်ရင်တောင်မှ ကျွန်တော်တို့ရဲ့ နှစ်စဉ် နှစ်ပတ်လည် အစီရင်ခံစာတွေ ရှိတယ်။ ရိုးရှင်းပါတယ်။ ဘယ်နှစ်က အခွန် ဘယ်လောက်ဆောင်ခဲ့တယ်။ ဝင်ငွေ ဘယ်လောက်ရှိခဲ့တယ်။ ကျွန်တော်တို့ ဒီအပေါ်မှာ အမြတ်တွေ ဘယ်လောက်ပေးခဲ့တယ်ဆိုတာကို အသေးစိတ် ပါပါတယ်။ ဒါကို ကြည့်လိုက်ချင်းအားဖြင့် ရင်းနှီးသင့်တယ် မရင်းနှီးသင့်ဘူးဆိုတာ ပေါ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ မစိုးရိမ်ပါဘူး။

ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ရဲ့ 7 Minutes အစီအစဉ်မှာ ပါဝင် ဖြေကြားပေးတဲ့ မြန်မာနိုင်ငံသား များဘဏ်ရဲ့ ဦးဆောင် ညွှန်ကြားရေးမှူး ဆရာ ဦးမြင့်ဝင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်။

ဟုတ်ကဲ့ပါ။ ကျွန်တော့်အနေနဲ့လည်း ကျေးဇူးတင်ပါတယ်။