၂၁ ရာစု ပင်လုံညီလာခံတွင် အမျိုးသမီး ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်းအောက်သာ ပါ၀င်နိုင်ဟုဆို

၂၁ ရာစု ပင်လုံညီလာခံတွင် အမျိုးသမီး ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်းအောက်သာ ပါ၀င်နိုင်ဟုဆို

ရန်ကုန်၊ သြဂုတ် ၂၉ ။              ။ အချိန်ယူမှုနှင့် အချိန်ပေးဖိတ်ကြားမှု အားနည်းသည့်အတွက် ၂၁ ရာစုပင် လုံညီလာခံတွင် အမျိုးသမီးပါဝင်မှု နူန်းမှာ ၁၀ ရာခိုင်နှုန်း အောက်သာ ဖြစ်နိုင်ကြောင်း ငြိမ်းချမ်းရေးအတွက် ကျား၊မ တန်းတူရေး မဟာမိတ်အဖွဲ့(AGIPP) မှ ညှိနှိုင်းရေး မှူး ဒေါ်နန်းအေးသန္တာက ပြောသည်။

သြဂုတ်လ ၂၉ ရက် မြေနုကွန်ဒိုတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ၁၀ ရာခိုင်နူန်း အောက်ပဲဖြစ်လိမ့်မယ်လို့ ကျွန်မ ယူဆတယ်ရှင့် “ ဟု ဒေါ်နန်းအေးသန္တာက ဆိုသည်။

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမျိုးသမီးပါဝင်နိုင်မှု မှာ ၇ ရာခိုင်နှုန်းခန့်သာရှိကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ ခန့်မှန်းသော်လည်း ပင်လုံညီလာခံကျင်းပသည့် အချိန်ရောက်မှသာ အမျိုးသမီးဦးရေ မည်မျှ ရာခိုင်နူန်း ပါဝင် မည်ကို တိတိကျကျသိရ မည်ဖြစ်ပြီး လက်ရှိအနေထားအရ   ပြောဖို့ခက်နေသေးသည်ဟုလည်း ငြိမ်းချမ်းရေးအတွက် ကျား၊မ တန်းတူရေး မဟာမိတ်အဖွဲ့(AGIPP)မှ ပဲ့ကိုင်ကော်မတီအဖွဲ့ဝင် ဒေါ်ခင်လေးက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင်ပါဝင်သည့် အမျိုးသမီးဦးရေ ၁၂ရာခိုင်နူန်းရှိနေပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ခွင့် ၇ ရာခိုင် နူန်းသာရှိသည့်အတွက် နည်းနေသေးကြောင်း ၎င်းက ဆကလက်ပြောဆိုသည်။

ငြိမ်းချမ်းရေးအတွက် ကျား၊မ တန်းတူရေး မဟာမိတ်အဖွဲ့(AGIPP) ကို ၂၀၁၄ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ငြိမ်း ချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုကို တိုးတတ်ကောင်းမွန်စေမည့် အ မျိူးသားအဆင့် မူဝါဒရေးရာ ပြောင်းလဲမှုများအတွက် ပူးပေါင်းလုပ်ဆောင်ရန်ရည်ရွယ်သည်ဟု သတင်းစာရှင်းလင်းပွဲ အချက်အလက်များအရ သိရသည်။

AGIPP အဖွဲ့ မှ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမျိုးသမီး ၃၀ ရာခိုင်နူန်းပါဝင်ရန်နှင့် ၂၁ရာစု ပင်လုံညီလာခံတွင် စာတမ်း ဖတ်ကြားခွင့် ရရှိရန် လည်းတောင်းဆိုထားကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly