အမ်တီဗီတေးဂီတ ဆုပေးပွဲတွင် ဆုရှစ်ဆု ဆွတ်ခူးခဲ့တဲ့ ဘီယွန်စေး

အမ်တီဗီတေးဂီတ ဆုပေးပွဲတွင် ဆုရှစ်ဆု ဆွတ်ခူးခဲ့တဲ့ ဘီယွန်စေး

လော့စ်အိန်ဂျလိစ် ၊ သြဂုတ် ၂၉ ။          ။ ကမ္ဘာကျော်အဆိုတော် ဘီယွန်စေးသည် သြဂုတ် ၂၈ရက်ညက ကျင်းပပြုလုပ်သော အမ်တီဗီတေးဂီတဆုပေးပွဲ (VMA)တွင် ယင်းနေ့ည၏ ထိပ်တန်းဆုများဖြစ်သော တစ်နှစ်တာအကောင်းဆုံးဗီဒီယိုဆု နှင့် Best Female Videoဆုတို့အပါအဝင် ဆုရှစ်ဆု ဆွတ်ခူးခဲ့သည်။

ဘီယွန်စေးသည် နောက်ဆုံးထွက်ရှိထားသော “ Formation”တေးအယ်လ်ဘမ်ဖြင့် တစ်နှစ်တာအကောင်းဆုံးဗီဒီယိုဆုကိုရရှိခဲ့ပြီး ယင်းအယ်လ်ဘမ်ထဲက တေးသီချင်းများက သူမ၏နာမည်ကို ပိုပြီးတောက်ပသွားစေခဲ့သည်။ယခုနှစ်အတွက် ဆု၁၁ဆုရရှိရန် ဘီယွန်းစေးလျာထားခြင်းခံခဲ့ရပြီး ယခုအခါ လျာထားစာရင်းထဲမှ ဆုရှစ်ဆုကို ဆွတ်ခူးသွားပြီဖြစ်သည်။

 “  ဆုရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ကျွန်မရဲ့ ချစ်ဖို့ကောင်းတဲ့ သမီးငယ်နဲ့ ခင်ပွန်းရဲ့ ထောက်ပံ့မှုတွေအတွက် ကျေးဇူးတင်ပါတယ်။”ဟု ဘီယွန်စေးက ပြောကြားခဲ့သည်။

အံ့သြဖွယ်ကောင်းတဲ့ ဗီဒီယိုကိုရိုက်ပေးတဲ့ ဒါရိုက်တာ ဂျိုနက်စ်အက်ခ်လန်းဒ်ကို ကျေးဇူးတင်ပါတယ်။ကျွန်မရဲ့ဗီဒီယိုကို ဂုဏ်ပြုဆုချီးမြင့်ပေးတဲ့ အမ်တီဗီကိုလည်း   ကျေးဇူးတင်ပါတယ်။  ကျွန်မရဲ့ ပရိသတ်တွေအားလုံးကိုလည်းချစ်ပါတယ်”ဟု ဘီယွန်စေးက ပြောကြားခဲ့သည်။

ရီဟားနားသည် တစ်သက်တာအအောင်မြင်ဆုံးဆု  Michael Jackson Video Vanguard awardဆုကို ရရှိခဲ့ကြောင်း နှင့် ယင်းဆုကို ယခင်က ဒေးဗစ်ဘိုဝီ ၊  The Beatles ရော့ခ်တေးဂီတအဖွဲ့ ၊ Guns N’ Roses ရော့ခ်တေးဂီတအဖွဲ့ ၊  The Rolling Stones အဖွဲ့ ၊ U2 ၊ ဂျက်စတင်တင်းဘားလိတ်ခ် ၊ ဘီယွန်စေး ၊ ဘရစ်တနီစပီးယား ၊ ကာနေးဝပ်စ် နှင့် မိုက်ကယ်ဂျက်ဆင်တို့ ရရှိခဲ့သည်။

ဒရေ့ခ်သည် “ Hotline Bling” တေးသီချင်းဖြင့်  Hip Hop Video moonman ဆုကို ရရှိခဲ့ပြီး ကာလ်ဗင်ဟားရစ်သည်  ကာနေးဝပ်စ်ကိုကျော်လွန်ကာ “ Best Male Video”ဆုကို ရရှိခဲ့သည်။

ယခုနှစ် အမ်တီဗီဆုပေးပွဲသို့ ဂျက်စတင်ဘီဘာ ၊ အဒဲလ် နှင့် တေလာဆွစ်ဖ်တို့အပါအဝင် ပေါ့ပ်တေးဂီတ၏နာမည်ကြီးအဆိုတော်များ တတ်ရောက်ခဲ့ခြင်းမရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags