ရုပ်ရှင်နဲ့ ဗွီဒီယို သရုပ်ဆောင် မိုးအောင်ရင် မူးယစ်ဆေးမှုဖြင့် အဖမ်းခံရ

ရုပ်ရှင်နဲ့ ဗွီဒီယို သရုပ်ဆောင် မိုးအောင်ရင် မူးယစ်ဆေးမှုဖြင့် အဖမ်းခံရ

ရန်ကုန် ၊ သြဂုတ် ၂၉ ။            ။ ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် မိုးအောင်ရင်ကို ယနေ့မနက် ၄ နာရီဝန်းကျင်က ပုဇွန်တောင် မြို့နယ်၂ ရပ်ကွက်၊ သာယာကုန်းလမ်းရှိ နေအိမ်တစ်ခုတွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ် မျိုးသန့်က မဇ္ဈိမသို့ ပြောသည်။

"သာယာကုန်းလမ်းက အိမ်ကိုတက်ရှာတယ်။ မိုးအောင်ရင်ကိုတွေ့တယ် ၊ ခါးပတ်ပတ်ထားတဲ့ သားရေအိတ်ထဲကနေ ice ၁ ဂရမ်ခန့်ကို သိမ်းဆည်းရမိတယ်" ဟု ရဲအုပ်မျိုးသန့်က ပြောသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ) ၊ ပုဇွန်တောင်မြို့မ ရဲစ ခန်း ပ ၆ /၁၆(မယ)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

တာမွေမြို့နယ်ရှိ မိုးအောင်ရင်၏ နေအိမ် တွင် အလေးချိန် ဂရမ် ၄၀ ကျော်ရှိ ဆေးခြောက်ဟု ယူဆရသော အရွက် ခြောက်များနှင့်အတူ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ခြင်း၏ အဆက်ဖြစ်ပြီး သရုပ်ဆောင် မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်အတွင်း၌ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly