ဗဟန်းတွင် လူသတ်မှုဖြစ်၍ အိမ်ရှင်အမျိုးသမီးသေဆုံးကာ ကလေးငယ်များထိခိုက်ဒဏ်ရာရ

ဗဟန်းတွင် လူသတ်မှုဖြစ်၍ အိမ်ရှင်အမျိုးသမီးသေဆုံးကာ ကလေးငယ်များထိခိုက်ဒဏ်ရာရ
 အခင်းဖြစ်ပွားသည့်နေအိမ်အား တွေ့ရစဉ် ဓာတ်ပုံ -  သူရ (မဇ္ဈိမ)

ရန်ကုန်၊ သြဂုတ်၂၉ ။             ။ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဥဿဖယားလမ်းရှိ နေအိမ်တစ်အိမ်တွင် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အိမ်ရှင် အမျိုးသမီး သေဆုံးကာ ကလေးငယ်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဗဟန်းမြို့နယ် ဥဿဖယားလမ်းရှိ တိုက်အမှတ် ၃၄ တွင် ယနေ့ သြဂုတ် ၂၉ရက် နံနက် နှစ် နာရီဝန်းကျင်ခန့်က ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး အိမ်ပိုင်ရှင် ဒေါ်ခိုင်မာလာမှာ က်နှာညိုမဲဒဏ်ရာတွေ ၊ ပါးစပ်သွေး ထွက်ဒဏ်ရာတွေနဲ့ သေဆုံး နေသည်ကို တွေ့ရှိခဲ့ရပြီး အသက် ကိုးနှစ်အရွယ်သမီးငယ်နှင့် အသက် ၈နှစ်အရွယ် သားငယ်တို့အား ဒဏ်ရာများဖြင့် တွေ့ရှိသဖြင့် ရန်ကုန်ဆေးရုံးကြီးသို့ တင်ပို့ ကုသထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ ဒေါ်ခိုင်မာလာ၏ အဒေါ် ဒေါ်တင်တင်အေးက ဗဟန်းရဲစခန်းတွင် (ပ)၂၅၅/ ၂၀၁၆ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၀၅ဖြင့် တရားလိုပြုလုပ်ကာ အမှုဖွင့်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly