ထိုင်းတွင် အတင်းအဓမ္မ စေခိုင်းခံနေရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား ကယ်တင်လိုက်နိုင်

ထိုင်းတွင် အတင်းအဓမ္မ စေခိုင်းခံနေရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား ကယ်တင်လိုက်နိုင်
View of the city skyline in Bangkok, Thailand. Photo: EPA

ထိုင်းနိုင်ငံတွင် အတင်းအဓမ္မ လုပ်အားခိုင်းစေခံနေရသည့် အထောက်အထားမဲ့ အလုပ်သမား ၁၀၄ ဦးအပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၆၀ ကျော်ကို ထိုင်းနှင့်မြန်မာ တာဝန်ရှိအဖွဲ့အစည်းများက ကယ်တင်လိုက်နိုင်ကြောင်း နိုင်ငံပိုင်သတင်း၌ သြဂုတ် ၂၉ ရက်က ဖော်ပြသည်။

ထိုင်းနိုင်ငံက မြန်မာအသင်းအဖွဲ့(MAT)၊ မြန်မာအလုပ်သမားများအား အကူအညီပေးရေးကော်မတီ(AAC)၊ မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ ထိုင်း အထူးထောက်လှမ်းရေးဌာနနှင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းမှုအရ ထိုင်းနိုင်ငံတွင်းက စက်ရုံတစ်ရုံကို ပူးပေါင်းအဖွဲ့တစ်ဖွဲ့ ဝင်ရောက်စီးနင်းကာ မြန်မာအလုပ်သမားများအား ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများက ယင်းစက်ရုံတွင် အလုပ်လုပ်နေကြရသည်မှာ ခြောက်လကျော်ကြာ ကြာမြင့်ပြီး အလုပ်ရှင်က လုပ်ခလစာ ပေးချေခြင်းလည်းမရှိကြောင်း   ထောက်လှမ်းရေး တာဝန်ရှိသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly