ရာကီတစ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ဘီလ်ဘာအိုကို နိုင်တဲ့ ဘာစီလိုနာ

ရာကီတစ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ဘီလ်ဘာအိုကို နိုင်တဲ့ ဘာစီလိုနာ
(ဓာတ်ပုံ - အီးပီအေ)

အိုင်ဗင် ရာကီတစ်ရဲ့ ပထမပိုင်း ခေါင်းတိုက်သွင်းဂိုးနဲ့ ဘာစီလိုနာတို့ ဘီလ်ဘာအိုကို တစ်ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး လာလီဂါ အဖွင့်ပွဲ (၂) ပွဲလုံး အနိုင်ရရှိခဲ့ပါတယ်။

ပွဲချိန် (၂၁) မိနစ်မှာ ဂိုးဧရိယာ ညာခြမ်းကနေ အာဒါတူရန်ရဲ့ ဖြတ်တင်ပေးပို့တဲ့ ဘောလုံးကို အရှိန်နဲ့ ပြေးလာတဲ့ ရာကီတစ်က ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။

လာလီဂါချန်ပီယံရဲ့ မက်ဆီ၊ ဆွာရက်ဇ်နဲ့ တူရန်တို့ ဂိုးရဖို့ အခွင့်အရေးတွေ နီးစပ်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

ဘာစီလိုနာ နောက်ခံလူ အမ်တီတီ နောက်ပြန်ပေးပို့မှုကတစ်ဆင့် ဂိုးသမားရဲ့ အန္တရာယ်များတဲ့ ကန်တင်ပေးမှုတို့ကြောင့် ဘီလ်ဘာအိုရဲ့ ဂါစီယာနဲ့ ဝီလီယံစ်တို့ ဂိုးရဖို့ နီးခဲ့ပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းပွဲစဉ်တွေမှာတော့ လက်စ်ပါမားက ဂရန်နဒါကို (၅-၁) ဂိုးနဲ့ နိုင်ပြီး အလာဗက်စ်နဲ့ စပို့တင်းဂီဂျွန်တို့ ဂိုးမရှိသရေကျခဲ့သလို ဗီလာရီးယဲလ်ကလည်း ဆီဗီလာကို ဂိုးမရှိ သရေကျခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags