နိုင်ငံတွင် လူ ၄၀ ကျော် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည်ဟု စင်ကာပူ ထုတ်ဖော်

နိုင်ငံတွင် လူ ၄၀ ကျော် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည်ဟု စင်ကာပူ ထုတ်ဖော်

သြဂုတ် ၂၈ ။              ။ နိုင်ငံတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း ၄၀ ကျော် ရှိထားခဲ့ပြီး အများစုမှာ ဆောက်လုပ်ရေးဆိုဒ်တစ်ခုမှ ပြည်ပလုပ်သားများ ဖြစ်ကြကြောင်း စင်ကာပူအာဏာပိုင်များက သြဂုတ်လ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

အသက် ၄၇ နှစ်အရွယ် မလေးရှားနိုင်ငံသူတစ်ဦး နိုင်ငံတွင် ပထမဆုံးအကြိမ် ရောဂါပိုးကူးစက်ခံရသည့်ဖြစ်စဉ်ကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက သြဂုတ်လ ၂၇ ရက်က ကြေညာထားခဲ့သည်။

ယခု ကူးစက်ခံခဲ့ရသူ ၄၁ ဦးစလုံးမှာ နိုင်ငံရှိ ဆောက်လုပ်ရေးဆိုဒ်တစ်ခုမှ နေထိုင်သူ သို့မဟုတ်အလုပ်လုပ်ကိုင်နေသူများဖြစ်ကြကြောင်း ကျန်းမာရေးဝန်ကြီးဌာနနှင့် အမျိုးသား သဘာဝပတ်ဝန်းကျင် အေဂျင်စီတို့က ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်သည်။

“သူတို့ ပြီးခဲ့တဲ့ ကာလကတော့ ဒီပိုးကူးစက်တဲ့ နိုင်ငံတွေဆီ သွားမထားဘူးလို့ သိရပါတယ်၊ ဒါကြောင့် စင်ကာပူမှာပဲ ကူးစက်ခံရတယ်လို့ သုံးသပ်ရပါတယ်” ဟု ယင်းထုတ်ပြန်ချက်တွင် ပြောထားသည်။
ကူးစက်ခံခဲ့ရသူများအနက် ၃၄ ဦးအား ယခုအခါ ပြန်လည်သက်သာလာနေပြီဖြစ်ကြောင်းနှင့် အခြားခုနစ်ဦးမှာမူ ယခုထက်ထိ ရောဂါလက္ခဏာများ ဆက်လက်ပြသနေဆဲဖြစ်ပြီး ဆေးရုံတွင် တက်ရောက်နေရလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags