ချယ်လ်ဆီးကွင်းလယ်လူ ပါဆာလစ်ကို အေစီမီလန်ခေါ်ယူ

ချယ်လ်ဆီးကွင်းလယ်လူ ပါဆာလစ်ကို အေစီမီလန်ခေါ်ယူ

သြဂုတ် ၂၈၊ မီလန် ။               ။ စီးရီးအေထိပ်သီးကလပ် အေစီမီလန်အသင်းသည် ချယ်လ်ဆီးအသင်းမှ ခရိုအေးရှားကွင်းလယ်ကစားသမား မာရီယိုပါဆာလစ်ကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။

အသက် ၂၁ နှစ်အရွယ်ရှိ ပါဆာလစ်သည် ၂၀၁၄ ခုနှစ်က Hajduk Split အသင်းမှ ချယ်လ်ဆီးသို့ရောက်ရှိလာသူဖြစ်သည်။ ချယ်လ်ဆီးသို့ရောက်ရှိချိန်ကစပြီး ပွဲထွက်ကစားခွင့်မရရှိသေးဘဲ အယ်လ်ချီနှင့် မိုနာကိုအသင်းများသို့ အငှားသွားရောက်ကစားခဲ့ရသည်။

အယ်လ်ချီအသင်းတွင် ၃၁ ပွဲပါဝင်ကစားခွင့်ရခဲ့ပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့ကာ မိုနာကိုတွင် ၁၆ ပွဲကစားပြီး ၃ ဂိုးသွင်းနိုင်ခဲ့သည်။

အေစီမီလန်သို့ပြောင်းရွှေ့ခွင့်ရရှိပြီးနောက်တွင် ပါဆာလစ်က ‘အေစီမီလန်အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ရတာ ဂုဏ်ယူပါတယ်။ ဒီအသင်းက ကမ္ဘာပေါ်က အင်အားအကြီးဆုံးအသင်းတစ်သင်းပါ။  ပြီးခဲ့တဲ့ ရာသီတုန်းက မျှော်လင့်ချင်တွေနဲ့မကိုက်ညီခဲ့ဘူးဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါကြောင့် ဘောလုံးကစားခွင့် ရချင်ပါတယ်။ ဒီကိုပြောင်းရွှေ့ခွင့်ရတာက တကယ့်အခွင့်အရေးကောင်းပါ’ ဟု ပြောသည်။

လက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်းအငှားချထားသည့်ကစားသမားပေါင်းမှာ ၂၁ ဦးအထိ ရှိနေသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags