ဆူပူမှုဖြစ်စေရန် သွေးထိုးလှုံ့ဆော်မှုဖြင့် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ပြန်လည်ထောင်ချခံရ

ဆူပူမှုဖြစ်စေရန် သွေးထိုးလှုံ့ဆော်မှုဖြင့် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ပြန်လည်ထောင်ချခံရ

သြဂုတ် ၂၈ ။                 ။ ဗင်နီဇွဲလားနိုင်ငံ၏ ထင်ရှားသော အဓိကအတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒင်နီယယ် ဆက်ဘာလို့စ်ကို အစိုးရက ပြန်လည်ထောင်ချလိုက်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဆယ်ဘာလို့စ်မှာ ယခင်နှစ်က ကျန်းမာရေးအခြေအနေများကြောင့် ထောင်မှလွတ်ကာ နေအိမ်အကျယ်ချုပ်ဖြင့် နေခဲ့ရခြင်းဖြစ်သည်။

၎င်းမှာ လာမည့်စက်တင်ဘာ ၁ ရက် အတိုက်အခံ ဆန္ဒြုပပွဲကြီးတစ်ခုတွင် ဆူပူအုံကြွမှုဖြစ်လာရန် စနစ်တကျသွေးထိုးလှုံ့ဆော်ပေးနေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နိုင်ငံတွင် အစားအစာရှားပါးမှု၊ ငွေကြေးဖောင်းပွမှုမြင့်မားခဲ့မှုနှင့် အမှုအခင်းများ ထူပြောလာမှုများကြောင့် ၂၀၁၄ ခုနှစ် ဆန္ဒပြပွဲအတွင်း ဆယ်ဘာလို့စ်ကို ဆူပူမှုဖြစ်ရန် သွေးထိုးလှုံ့ဆော်မှုဖြင့် အစိုးရက ဖမ်းဆီးထောင်ချခဲ့သည်။

ယခုကဲ့သို့ ဆက်ဘာလို့စ်အား ဖမ်းဆီးထောင်ချမှုမှာ အစိုးရအပေါ် ဆန့်ကျင်သူများအား နှိပ်ကွပ်ခြင်းဖြစ်ကြောင်းနှင့် ၎င်းမှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်ကြောင်း အတိုက်အခံအုပ်စုမှ ပြောကြားထားသည်။

သို့သော် ဆယ်ဘာလို့စ်မှာ နိုင်ငံကို မတည်မငြိမ်ဖြစ်စေရန် လုပ်ဆောင်နေသူသာဖြစ်ကြောင်း ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရိုက ပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags