နာဂဒေသမှ ကူးစက်ရောဂါကြောင့် သေဆုံးသူ ၆၀ ရာခိုင်နူန်းကျော်မှာ နန်းယွန်းမြို့နယ်မှဖြစ်

နာဂဒေသမှ ကူးစက်ရောဂါကြောင့် သေဆုံးသူ ၆၀ ရာခိုင်နူန်းကျော်မှာ နန်းယွန်းမြို့နယ်မှဖြစ်

ရန်ကုန်၊ သြဂုတ် ၂၇ ။             ။ နာဂဒေသ တွင် ကူးစက်ရောဂါကြောင့် သေဆုံးသူ ၈၂ ဦးရှိပြီး ၅၄ ဦးမှာ နန်းယွန်းမြို့နယ်မှဖြစ်သည်ဟု နာဂအမျိုးသားရေးရာကောင်စီ ပြန်ကြားရေးတာဝန်ခံ ဦးကဲယုံးက မဇ္ဈိမကိုပြောသည်။

လဟယ်မြို့နယ်တွင်လည်း သေဆုံးသူ ၂၈ ဦးရှိနေသည်ဟု နာဂဒေသအတွင် ၅ လပိုင်းပထမပတ်မှစကာ ယနေ့ချိန်အထိ ကောက်ယူထားသည့် စာရင်းအရပြောကြားခဲ့သည်။

“နန်ယွန်းမြို့နယ်မှာတော့ ရောဂါတော်တော်အခြေနေဆိုးနေတယ်” ဟု ဦးကဲယုံးကပြောသည်။ “လုံလောက်တဲ့ဆေးဝါးကုသမှုတွေမရှိဘူး လူမှုကယ်ဆယ်ရေးတွေမရှိဘူး" ဟု ပြောသည်။

သြဂုတ်လ ၁၇ ရက်ထိ နာဂဒေသတွင် ကူးစက်ရောဂါကြောင့် သေဆုံးသူ ၄၂ ဦးရှိခဲ့ပြီး ယခု ၄၀ ဦးထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်။

သြဂုတ်လ ၁၂ တွင် နေပြည်တော်ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန(ဗဟို)မှ ဒုညွှန်ချုပ် ဒေါက်တာသန်းထွန်းအောင် ဦးဆောင်သည့် (UNICEF နှင့် WHO မှ ဆရာဝန်များအပါအဝင်) အဖွဲ့ဝင် (၆) ဦး ရောက်ရှိ ကုသပေးခဲ့သည်။

ဒေါက်တာသန်းထွန်းအောင်ကလည်း နာဂတွင် ကျန်းမာရေးဝန်ထမ်းများ လုံလောက်စေရန် အစိုးရအနေဖြင့် မူလတန်းနှင့် အလယ်တန်း အောင်မြင်ထားသည့် ဒေသခံများကိုဦးစားပေးကာ “လူထုကျန်းမာရေးလုပ်သား” အဖြစ် အကောင်ထည်ဖော်ရန် စီစဉ်နေကြောင်း မဇ္ဈိမကို သြဂုတ်လ ၁၈ ရက်နေ့ ဖုန်းဖြင့်မေးမြန်းစဉ် ဖြေကြားခဲ့သည်။

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျန်းမာရေးဝန်ထမ်း ခွင့်ပြုထားသည့် ဦးရေ ၃၀၉ ဦးရှိသော်လည်း လက်ရှိတွင် ၉၀ ဦးသာရှိပြီး၂၁၉ နေရာလစ်လပ်နေသည်ဟု သြဂုတ်လ ၁၆ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အချက်အလက်များမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly