ဝန်ကြီးချုပ်နာဂျစ်အား ဖမ်းဆီးရန် မလေးရှားကျောင်းသားများ စုရုံးဆန္ဒပြ

ဝန်ကြီးချုပ်နာဂျစ်အား ဖမ်းဆီးရန် မလေးရှားကျောင်းသားများ စုရုံးဆန္ဒပြ

ကွာလာလမ်ပူ၊ သြဂုတ် ၂၇ ။              ။ နိုင်ငံရင်းနှီးမြုပ်နှံရန်ပုံငွေတွင် အကြီးအကျယ် အလွဲသုံးစားလုပ်မှုဖြင့် အမေရိကန်အစိုးရ၏ စုံစမ်းစစ်ဆေးမှုအတွင်း ငြိစွန်းနေသူ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်အား ဖမ်းဆီးရန် တက်ကြွသည့်ကျောင်းသားများက သြဂုတ် ၂၇ ရက်၌ စုရုံးဆန္ဒပြကြသည်။

ကွာလာလမ်ပူရှိ နေရာနှစ်နေရာတွင် စုရုံးကြစဉ် ရဲအတားအဆီးများကို လူပေါင်း ၁၀၀၀ ကျော်ထက်မနည်းက ကြံ့ကြံ့ခိုင်ပြီး ပိုစတာများ၊ နာဂျစ်ရုပ်ပုံ၊ မိသားစုနှင့် အပေါင်းအဖော်များပုံများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်။

နာဂျစ်တည်ထောင်ထားသော 1 Malaysian Development Bhd မှ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၅ ဘီလီယံ အခိုးခံရကြောင်း ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်တရားရေးဌာနက ပြောခဲ့သည်။ ကနဦး အရေးယူဆောင်ရွက်မှုအရ အမေရိကန်တွင် တန်ဖိုးကြီးအိမ်များ၊ ပန်းချီကားများနှင့် ကားများအပါအဝင် ပိုင်ဆိုင်အာမခံစာချုပ်များ ဝယ်ယူရန် သုံးထားသည့် ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံကို ဖမ်းဆီးရမိသည်။

တရားရုံးတွင် စစ်ဆေးရာတွင် မလေးရှားတာဝန်ရှိသူနံပါတ် ၁ ဟုဖွင့်ထားသော လူပုဂ္ဂိုလ်တစ်ဦး၏ အကောင့်များတွင် ဒေါ်လာ သန်း ၇၀၀ ထည့်သွင်းထားကြောင်း ဖော်ပြထားသည်။ ထိုအမည်က တရားဝင် မည်သူမှန်း မသရသော်လည်း နာဂျစ်၏ အကောင့်သာ ဖြစ်ဖွယ်ရှိသည်။

“မလေးရှားတာဝန်ရှိသူနံပါတ် ၁ ကို ထောင်ချပါ။ ဒီလူကို တရားစီရင်ပါ။”ဟု ကျောင်းသားခေါင်းဆောင်တစ်ဦးက လူထုစုဝေးမှုတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly