ရခိုင်ပြည်နယ်အရေး ကော်မရှင် ကိစ္စ ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူရန် ANP တောင်းဆို

ရခိုင်ပြည်နယ်အရေး ကော်မရှင် ကိစ္စ ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူရန် ANP တောင်းဆို

ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသည့် ကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် အကြံပေးမည့် ရခိုင်ပြည်နယ်အရေး ကော်မရှင်ကို ဖွဲ့စည်းမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံဝန်ကြီးဌာနမှ သြဂုတ် ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး အဆိုပါ ကော်မရှင်နှင့် ပတ်သက်၍ အရေးကြီးအဆိုများတင်သွင်းရန် ရှိနေသောကြောင့် ရခိုင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးကို ခေါ်ယူပေးရန် ရခိုင်အမျိုးသားပါတီက တောင်းဆိုလိုက်သည်။

ရခိုင်အမျိုးသားပါတီသည် သြဂုတ် ၂၅ ရက်နေ့ ရက်စွဲဖြင့် " ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မရှင်" အဖွဲ့ကို ဖျက်သိမ်းပေးရန် ကြေညာချက်တောင်းဆိုပြီးနောက် ပါတီ၏ ပြည်နယ်လွှတ်တော်ကိုယ် ၁၄ ဦး ပါဝင်သည့် အထူးအစည်းအဝေး ခေါ်ယူရန် တောင်းဆိုစာကို သြဂုတ် ၂၆ ရက်နေ့တွင် ပြည်နယ်လွှတ်တော် ဥက္ကဌသို့ တင်ပြခဲ့သည်။

“ အဓိ ဆွေးနွေးဖြစ်မယ့် အဆိုက ရခိုင်ပြည်နယ်အရေးနှင့်သက်ဆိုင်တဲ့ ကိုဖီအာနန်ပါဝင်တဲ့ ကော်မရှင် ကိစ္စရပ်ပါ။  နောက်ပြီး နိုင်ငံသားမဖြစ်သေးတဲ့သူတွေကို နိုင်ငံသားဖြစ်ခွင့်နဲ့ပါတ်သက်ပြီး ဥပဒေပြင်ဘက်က လုပ်ပေးနေတဲ့ အကြောင်းပါ၊ လက်မှတ်ထိုးတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့က တစ်ဦးအပါအဝင် ၁၄ ဦးပါ။ ၁၂ ရက်နေ့ ခေါ်မယ်လို့ ပြောပါတယ်၊ ဥပေဒ အရက ၁၅ ရက် ကွာခြားပြီးမှ လုပ်ရတာကြောင်းပါ ၊ တောင်းဆိုပြီးနောက် ၁၅ ရက်ပေါ့" ဟု မြေပုံမဲဆန္ဒနယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြသန်းက ပြောသည်။

ပြည်နယ်လွှတ်တော်ဆိုင်ရာ လွှတ်တော် ဥပဒေပုဒ်မ ၃၄ အရ ကိုယ်စားလှယ် လေးပုံတစ်ပုံက အစည်းအဝေးခေါ်ယူရန် တင်ပြခွင့်ရှိသည်။ ယင်းအပြင် အကြံပေးကော်မရှင် ကိစ္စရပ်နှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် ၂၂ ဦးမှလည်း အရေးကြီးအဆိုများ တင်သွင်းနိုင်ရန် စီစဉ်နေကြောင်း ပါတီဗဟိုဌာနချူပ်မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly