ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု ဘာသာရပ်ကို MIF ပို့ချပေးမည်

ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု ဘာသာရပ်ကို MIF ပို့ချပေးမည်

ပြည်တွင်း ဘဏ္ဍာရေး သင်တန်းကျောင်းတစ်ခုဖြစ်သည့် Myanmar Institute of Finance-MIF က ပြည်သူ့ဘဏ္ဍာ စီမံခန့် ခွဲမှု ဘာသာရပ်ကို စက်တင်ဘာလအတွင်း သင်ကြားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု ဘာသာရပ်ကို စာတွေ့နှင့် လက်တွေ့အဖြစ် လက်ရှိဖြစ်ပေါ်နေသော ဖြစ်ရပ်များပေါ် အခြေခံ၍ စနစ်တကျ သင်ယူနိုင်မည်ဟု MIF က ပြောသည်။

“ဒါက မြန်မာနိုင်ငံရဲ့ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု အခြေအနေနဲ့ ဘတ်ဂျတ်မူဝါဒ အားနည်းချက်၊ အားသာချက်တွေကို လေ့လာသုံးသပ် ဆွေးနွေးအဖြေရှာနိုင်ဖို့ အခွင့်အလမ်းဖြစ်ပါတယ်” ဟု MIF က ဆိုသည်။

ယင်းသင်တန်းကို စိတ်ပါဝင်စားသူများ၊ ပြည်သူ့ဘဏ္ဍာရေးလုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်နေသူများ၊ အစိုးရနှင့် ဆက်စပ်လုပ်ကိုင်နေသော ကုမ္ပဏီဝန်ထမ်းများအပြင် လွှတ်တော်၊ နိုင်ငံရေးနှင့် ဆက်စပ်နေသူများ ဆက်သွယ် တက်ရောက်နိုင်ကြောင်း သိရသည်။

အထူးပြုလေ့လာရမည့် အကြောင်းအရာများအဖြစ် နိုင်ငံရေးနှင့် ဘဏ္ဍာရေးမူဝါဒ မည်ကဲ့သို့ ဆက်စပ်နေပုံ၊ အစိုးရများသည် တိုင်းပြည်စီးပွားရေးအပေါ် မည်သည့်အချိန်တွင် မည်သို့ဆောင်ရွက်လျှင် ထိရောက်မှုရှိ မည်ဆိုသည့် အကြောင်းအရာများ၊ ဘယ်လို ဆုံးဖြတ်ချက်များက စီးပွားရေးအပေါ် ရလာဒ်ကောင်းများ ဖြစ်ပေါ်စေနိုင်မည်၊ နိုင်ငံတော် ရသုံးငွေ (Budgeting) ကို စနစ်တကျ စီမံခန့်ခွဲခြင်း၊ ဘတ်ဂျတ်ကို စီးပွားရေး၊ နိုင်ငံရေးမူဝါဒကိရိယာ တစ်ခု ဖြစ်လာအောင် မည်ကဲ့သို့ ရေးဆွဲမည်နှင့် စီးပွားရေးကို မည်ကဲ့သို့ ထိန်းကျောင်းမည် စသည်တို့ ပါဝင်သည်။

သင်တန်းကြေးကို ၁၂၅၀၀၀ ကျပ် သတ်မှတ်ထားပြီး လူဦးရေ ကန့်သတ်ထားကာ စိတ်ပါ ဝင်စားတက်ရောက်လိုသူများသည် သင်တန်းကျောင်းတည်ရှိရာ MAPCO Office ကို လာရောက် အပ်နှံနိုင်သည်ဟု သိရသည်။ သင်တန်းအချိန်အနေနှင့် စက်တင်ဘာလ ၃၊ ၄ ရက် နေ့လည် ၂ နာရီ ၃၀ မိနစ်မှ ညနေ ၆ နာရီ ၃၀ မိနစ်နှင့် စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၆ နာရီ မှ ည ၈ နာရီ (တနင်္လာ) နေ့ အထိ ၃ ရက်တာ သင်ကြားပေးမည်ဖြစ်သည်။

ဆက်သွယ်စာရင်းပေးရန်
MIF Address-
MAPCO building ၊ အမှတ် (၁၀၀)၊ ကမ်းနားလမ်းနှင့် မော်တင်ထောင့်၊ ကွန်ကရစ်လမ်းမကြီးဘေး၊ ဆိပ်ကမ်းမြို့ နယ် (Lanmadaw Tsp)၊ ရန်ကုန်မြို့။
Hp          :  +95 9 7971 98815
Tel          :  +95 9 976528783,+95 9 973703337

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly