ဒေါ်အောင်ဆန်းစုကြည် အောက်တိုဘာလ၌ အိန္ဒိယသို့ သွားရောက်မည်

ဒေါ်အောင်ဆန်းစုကြည် အောက်တိုဘာလ၌ အိန္ဒိယသို့ သွားရောက်မည်

အိန္ဒိယနိုင်ငံ ဂိုယာတွင် ကျင်းပမည့် ဘရာဇီး၊ ရုရှ၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက (BRICS) နယ်ကျော်ကူညီထောက်ပံ့မှုများ ညီလာခံသို့ တက်ရောက်ရန်   ဒေါ်အောင်ဆန်းစုကြည်က   အောက်တိုဘာလအတွင်း အိန္ဒိယသို့ လာရောက်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၂၆ ရက်၌ ပြောသည်။
မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်း အရပ်သားအစိုးရအဖြစ် ပထမဆုံးထွက်ပေါ်လာသည့် NLD အစိုးရ တက်လာပြီးနောက် ခြောက်လကျော်ကြာတွင် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယသို့ ပထမဆုံးခရီးစဉ်လာရောက်ခြင်းလည်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ဖြင့်ပါ ဖွဲ့စည်းထားသည့် BIMSTEC အဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်ရန်ရှိသည့် အဆိုပါ အစည်းအဝေးတွင်   ဒေါ်အောင်ဆန်းစုကြည်က  မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် တက်ရောက်မည်ဖြစ်သည်။ BIMSTEC အဖွဲ့ဝင် နိုင်ငံများသည် ကမ္ဘာ့လူဦးရေ၏ ၂၁ ရာခိုင်နှုန်းရှိပြီး နှုန်းထားအားဖြင့် ၁ ဒဿမ ၅ ဘီလီယံနှင့် ဂျီဒီပီအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၅ ထရီယံရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယခရီးစဉ်သည် ပြီးခဲ့သည့်သီတင်းပတ်က တရုတ်ခရီးစဉ်အပြီးတွင် သွားရောက်ခြင်းလည်း ဖြစ်သည်။ တရုတ်ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများအတွက် သဘောတူညီမှု ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly