ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဆောင်ရွက်နေသည့် လူထုဗဟိုပြု စီမံကိန်းကို ဝေဖန်ထောက်ပြထားသည့် အစီရင်ခံစာ တစ် စာင်ထုတ်ပြန်

ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဆောင်ရွက်နေသည့် လူထုဗဟိုပြု စီမံကိန်းကို ဝေဖန်ထောက်ပြထားသည့် အစီရင်ခံစာ တစ် စာင်ထုတ်ပြန်

ရန်ကုန်၊ သြဂုတ် ၂၆ ။       ။ ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ အမျိုးသားအဆင့် လူထုဗဟိုပြု စီမံကိန်း (NCCDP) သည် ရည်ရွယ်ချက်အားဖြင့် ကောင်းမွန်သော်လည်း လူထုပါဝင်မှု အားနည်းနေကြောင်း နိုင်ငံတကာ ငွေကြေးဆိုင်ရာ အဖွဲ့ အစည်းများ စောင့်ကြည့်ရေးအဖွဲ့ ( IFI Watch Myanmar) က Program Coordinator ဒေါ်ခင်နှင်းလှိုင်က ပြောသည်။
သြဂုတ်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ ၃၆ လမ်းရှိ မြန်မာဂျာနယ်လစ်ကွန်ယက် ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

 အဆိုပါ သတင်းစာရှင်းလင်းပွဲသည် IFI Watch Myanmar က မြန်မာနိုင်ငံအမျိုးသားအဆင့် လူထု ဗဟိုပြု စီမံကိန်း၏ အခြေအနေမှန်များကို ထုတ်ပြန်သည့် အစီရင်ခံစာကို ရှင်းလင်းခြင်းဖြစ်သည်။

“ကျွန်မတို့ repot ထဲမှာ ထည့်ထားတဲ့ အကြံပြုတဲ့အချက်တွေကို သူတို့ကို ထည့်သွင်းစဉ်းစားပြီးတော့ လုပ်မယ်ဆိုရင် ဖြင့် သူတို့က တကယ်အောင်မြင်မယ်။ သူတို့ရည်ရွယ်ချက်နဲ့ အောက်ခြေက ကိုက်ညီပြီး ရည်ရွယ်ချက် အထမြောက် မယ်ပေါ့၊ မဟုတ်ရင်တော့ သူတို့ဟာ အိမ်မက်ပဲ ဖြစ်ပါလိမ့်မယ်” ဟု ဒေါ်ခင်နှင်းလှိုင် က ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း ဆောင် ရွက်နေသည့် စီမံကိန်းအပေါ် ဝေဖန်ထောက်ပြလိုက်သည်။

 လွတ်လပ်ပြီး အမှီခိုကင်းသည့် အရပ်ဘက်အဖွဲ့အစည်းများက ဝိုင်းဝန်းထောက်ပြမှသာ အောင်မြင်မည်ဖြစ်ကြောင်း ၎င်း က ထပ်လောင်း ပြောဆိုသည်။

အောက်ခြေဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှုများ ၊ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အချိန်ကာလ နည်းပါးခြင်း များ၊ ရပ်ရွာလူထုက ပူးပေါင်းပါဝင်မှုအားနည်းခြင်းများကြောင့် စီမံကိန်းသည် အောင်မြင်သင့်သလောက် အောင်မြင်ခြင်း မရှိကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာကို ကမ္ဘာ့ဘဏ်သို့ ပေးပို့သွားမည်ဖြစ်ပြီး အောက်ခြေတွင် ဖြစ်ပေါ်နေသည့် အခြေအနေမှန်ကို ကမာ့္ဘဘဏ် အနေဖြင့်သိရှိပြီး စီမံကိန်း၏ ရည်ရွယ်ထားသည့် အကျိုးကျေးဇူးများ အမှန်တကယ် သိရှိစေရန် အတွက် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း သိရသည်။

လူထုဗဟိုပြု စီမံကိန်းသည် ရပ်ရွာလူထု၏ အလိုအပ်ဆုံးဖြစ်သည့် လိုအပ်ချက်များကို ဖော်ထုတ်ပြီး လက်တွေ့အကောင် အထည်ဖော်ရသော စီမံကိန်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်က စတင်ခဲ့ပြီး အမေရိကန် ဒေါ်လာ သန်း ၈၀ အသုံးပြုကာ မြို့နယ် ၁၅ မြို့နယ်တွင် စီမံ ကိန်းများ စတင်ဆောင်ရွက်ခဲ့သည်။

 ယခုလက်ရှိတွင် အမေရိကန် ဒေါ်လာ ၅၅၄ သန်း အသုံးပြုပြီး မြို့နယ် ၆၂ မြို့နယ်တွင် တိုးချဲ့ဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly