မြေမြှုပ်မိုင်းအား အသုံးပြုမှု သဘောတူစာချုပ်တွင် ပါ၀င်လက်မှတ်ရေးထိုးရန် စဉ်းစားသင့်ဟုဆို

မြေမြှုပ်မိုင်းအား အသုံးပြုမှု သဘောတူစာချုပ်တွင် ပါ၀င်လက်မှတ်ရေးထိုးရန် စဉ်းစားသင့်ဟုဆို

နေပြည်တော်၊ သြဂုတ် ၂၆ ။                  ။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကြောင့် လူသတ်မိုင်းများ အသုံးပြုခြင်း ၊ သိုမှီထားခြင်း ၊ ထုတ်လုပ်ခြင်းနှင့် လွှဲ ပြောင်းခြင်းတို့ကို တားမြစ်ခြင်း နှင့် ၎င်းတို့ကို ဖျက်ဆီးခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးရန် စဉ်းစားသင့်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောသည်။

“ မိမိနိုင်ငံ၏ ပကတိအခြေအနေအရ စာချုပ်ပါ တာဝန်ရှိမှုများအား လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရန်မှာ အခက်အခဲရှိ /မရှိ ထည့်သွင်းစဉ်းစား ပြီးမှသာ စာချုပ်တွင် အတည်ပြု ပါဝင်ရန်သင့်မသင့် သုံးသပ်စဉ်းစားသင့်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ် ” ဟု ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောသည်။

အမျိုးသားလွှတ်တော် အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၉) မှ လွှတ် တော်အမတ် ဦးဖေချစ် မေးမြန်းသည့် မေးခွန်းအပေါ် ကာကွယ်ရေးဝန်ကြီးဌာန မှ ပြန်လည်ဖြေကြားရာတွင် ဒုတိယဝန် ကြီးက ယခုကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော် အစိုးရအနေဖြင့် မြေမြှပ်မိုင်းအား အသုံးပြုမှု သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် အစီစဉ်ရှိ မရှိ နှင့် ဒေသခံ ကျေးလက်ပြည်သူများကို အန္တရာယ်မှ ကယ်တင်နိုင်မည့် မိုင်းရှာ/ မိုင်းဖျက်စီးမည့် စီမံချက်များ ရှိ/မရှိ သိရှိ လိုကြောင်းဦးဖေချစ်က မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သဘောတူစာချုပ်တွင် အပိုဒ်(၂၂) ခုပါဝင်ပြီး စာချုပ်ဝင်နိုင်ငံသည် စာချုပ်အတည်ဖြစ်ပြီး လေးနှစ်ထက် နောက် မကျ စေဘဲ မိုင်းများကို ဖျက်ဆီးရမည်ဖြစ်ကာ ရက်ပေါင်း (၁၈၀) အတွင်း မိမိနိုင်ငံ၏ မိုင်း နှင့် ပတ်သက်သည့် အချက် အလက်များကို အသေးစိတ်ဖော်ပြချက်များ နှင့်အတူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံ အစီရင်ခံ တင်ပြ ရမည် ဖြစ်သည်။

ယင်းစာချုပ်တွင် အပြီးသတ် အတည်ပြုလက်မှတ်ရေးထိုးပြီးသော နိုင်ငံ (၁၆၂) နိုင်ငံ ရှိပြီး စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးသော နိင်ငံ (၃၄) နိုင်ငံရှိပြီး စာချုပ်အား ပါဝင်လက်မှတ်ရေးထိုးပြီး အပြီးသတ် အတည်မပြုရသေး သော နိုင်ငံ (၁) နိုင်ငံ ရှိကြောင်း ဒုဝန်ကြီး၏ ပြောကြားချက်အရ သိရသည် ။

အရှေ့တောင်အာရှနိုင်ငံများအနက် လာအို ၊ မြန်မာ ၊ စင်္ကာပူ ၊ ဗီယက်နမ် နှင့် အခြားနိုင်ငံများအနက် တရုတ် ၊ အိန္ဒိယ ၊ မြောက်ကိုရီးယား ၊ တောင်ကိုးရီးယား ၊ ရုရှား နှင့် အမေရိကန် နိုင်ငံတို့ သည် ယင်းစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုး ထားခြင်း မရှိပေ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly