ဒေါက်တာစောမြအောင် ဖောင်းဒေးရှင်းမှ လူဦးရေ အယောက် ၂၀၀ ကို အခမဲ့ လက်အတု တပ်ပေးသွားမည်

ဒေါက်တာစောမြအောင် ဖောင်းဒေးရှင်းမှ လူဦးရေ အယောက် ၂၀၀ ကို အခမဲ့ လက်အတု တပ်ပေးသွားမည်

သြဂုတ်လ ၂၅၊ ၂၀၁၆ ။                ။ ဒေါက်တာစောမြအောင် ဖောင်းဒေးရှင်းမှ (၆) ကြိမ်မြောက် လက်အတု တပ်ဆင်ပေးခြင်းကို လူအယောက် ၂၀၀ ထိ လက်ခံကာ အောက်တိုဘာလ ၉ ရက်နေ့တွင် အခမဲ့ တပ်ပေးသွားမည်ဟု  ဖောင်းဒေးရှင်း ဥက္ကဌ ဒေါ်တင်မေအောင်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ လက်အတု တပ်ဆင်ပေးခြင်းကို မန္တလေးမြို့၊ မြတ်ဆုရှင်ဘုရား၊ ဘူတာကြီးနောက်ကျော၊ လမ်း ၃၀ နှင့် ၇၉ လမ်းထောင့်တွင် တပ်ဆင်ပေး သွားမည်ဖြစ်ပြီး တပ်ဆင်လိုသူများအနေဖြင့် သြဂုတ်လ ၂၅ ရက်မှစ၍ ( ဖုန်းနံပါတ် - ၀၉ - ၄၂ဝ ဝ၄၂ ၇၁၉ / ဝ၁ - ၅၃၅ ၆၆၀ ) သို့ နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း ဒေါ်တင်မေအောင်က ပြောသည်။

"တစ်ရက်တည်းနဲ့ ပြီးနိုင်တယ်၊ ဒီနှစ် နှစ်ဆန်းပိုင်းမှာ လူအယောက် ၂၀၀ တပ်ပေးဖူးတယ်၊ တစ်ရက်တည်းနဲ့ ပြီးတယ်၊ ခက်တာက အခုစာရင်းပေးတဲ့ လူတွေက ဖြစ်အောင်လာနိုင်တဲ့ လူတွေပဲ စာရင်းပေးကြပါလို့၊ ဘာဖြစ်လို့လဲ ဆိုတော့ လူအယောက် ၂ဝဝ စာရင်းပေးတယ်၊ ၄၀ လောက် မလာဘူး၊ မလာတော့ နောက်ထပ်ပေးချင်တဲ့ သူတွေကို စာရင်းထဲ မထည့်နိုင်တဲ့ အခါကျတော့ အဲ့ဒီ လူ ၄၀က နစ်နာတယ်၊ အဲ့ဒါကြောင့် တစ်ကယ်လာနိုင်တဲ့ လူတွေပဲ စာရင်းပေးကြပါလို့ ပြောချင်ပါတယ်၊" ဟု ဒေါက်တာစောမြအောင် ဖောင်းဒေးရှင်း ဥက္ကဌ ဒေါ်တင်မေအောင်က ဆိုသည်။

ဒေါက်တာစောမြအောင် ဖောင်းဒေးရှင်းအနေဖြင့် အခမဲ့ လက်အတုတပ်ဆင်ပေးခြင်းကို ၂ဝ၁၃ ခုနှစ်မှ စတင် လုပ် ဆောင်ခဲ့ကာ လူဦးရေ အယောက် ၄၅ဝ ကိုတပ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly