မန်ယူအသင်းမှ ထွက်ခွာမည်မဟုတ်ဘဲ အသင်းမှ လိုအပ်လျှင် အဆင်သင့်ဖြစ်နေစေရမည်ဟု ရှဝိန်းစတိုင်ဂါ ပြော

မန်ယူအသင်းမှ ထွက်ခွာမည်မဟုတ်ဘဲ အသင်းမှ လိုအပ်လျှင် အဆင်သင့်ဖြစ်နေစေရမည်ဟု ရှဝိန်းစတိုင်ဂါ ပြော

သြဂုတ် ၂၅၊ မန်ချက်စတာ ။              ။ နည်းပြမော်ရင်ဟို၏ မန်ယူအသင်းတွင် ချန်လှပ်ခြင်းခံထားရသည့် ဂျာမနီကွင်းလယ်ကစားသမားရှဝိန်းစတိုင်ဂါက အသင်းပြောင်းရွှေ့မည်မဟုတ်ကြောင်း အတည်ပြုခဲ့ပြီး အသင်းမှ လိုအပ်လာသည့်အချိန်တွင် အဆင်သင့်ဖြစ်နေမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

နည်းပြဟောင်း ဗန်ဟားလ်လက်ထက်တွင် ရှဝိန်းစတိုင်ဂါမှာ နေရာရခဲ့သော်လည်း ဒဏ်ရာများဖြင့် ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ ပွဲသာ ကစားခဲ့ရသည်။

မန်ယူအသင်း ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရချိန်၌ ရှဝိန်းစတိုင်ဂါမှာ ဇနီးသည် အိုင်ဗန်နိုဗစ်ချ်၏ တင်းနစ်ပွဲများကိုသာ လိုက်လံအားပေးနေသည့်အတွက် ဝေဖန်စရာဖြစ်ခဲ့ရသည်။ အိုင်ဗန်နိုဗစ်ချ်ကို ကမ္ဘာအနှံ့လိုက်လံအားပေးနေသည့် ရှဝိန်းစတိုင်ဂါ၏ ပုံများမှာ နည်းပြသစ်မော်ရင်ဟိုထံသို့ပါ ရောက်ရှိသွားခဲ့သည့်အတွက် ၎င်း၏မန်ယူကစားသမားဘဝအနာဂတ်မှာ ပြီးဆုံးသွားခဲ့ရသည်။

မော်ရင်ဟိုက ရှဝိန်းစတိုင်ဂါကို အသင်းပြောင်းလိုက ပြောင်းနိုင်ကြောင်း အသိပေးခဲ့သော်လည်း ကစားသမားဘက်မှ တရားဝင်အကြောင်းပြန်မှုမျိုး မလုပ်ခဲ့ပေ။ နောက်ဆုံးတွင်နှုတ်ဆိတ်နေသည့် ရှဝိန်းစတိုင်ဂါမှာ သူ၏ အနာဂတ်ရည်မှန်းချက်ကို တွစ်တာတွင် ယခုကဲ့သို့ ရေးသားခဲ့သည်။

‘မန်ယူအသင်းက ဥရောပမှာ ကျွန်တော့်ရဲ့ နောက်ဆုံးကလပ်ပါပဲ။ အခြားကလပ်တွေကို လေးစားပေမယ့် ဘိုင်ယန်ကနေ ထွက်ခွာနိုင်အောင်လုပ်နိုင်ခဲ့တဲ့အသင်းက မန်ယူတစ်သင်းပဲ ရှိပါတယ်။ အသင်းက ကျွန်တော်ကို လိုအပ်တဲ့အချိန်မှာ အဆင်သင့်ဖြစ်နေရပါစေမယ်။ ဒါက လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ကျွန်တော်ပြောနိုင်တာအကုန်ပါပဲ။ ပြီးခဲ့တဲ့ အပတ်တွေတုန်းက ထောက်ခံအားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်’ ဟု ရှဝိန်းစတိုင်ဂါက ရေးသားခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly