ငလျင်ကြောင့် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ မြောက်ဦးမှ စေတီနှစ်ဆူမှ စိန်ဖူးတော်များ မြေခ

ငလျင်ကြောင့် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ မြောက်ဦးမှ စေတီနှစ်ဆူမှ စိန်ဖူးတော်များ မြေခ
(ဓာတ်ပုံ- RiA )

မြောက်ဦး ၊ သြဂုတ် ၂၄ ရက် ။             ။ ယနေ့ (သြဂုတ် ၂၄ရက်) ညနေ ၅ နာရီ ၅ မိနစ်ခန့်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းမှ စေတီနှစ်ဆူမှ ငှက်ပျောဖူးတော်နှင့် စိန်ဖူးတော်များ ကျိုးကျပျက်စီးခဲ့သည်။

အဆိုပါ စေတီတော်များမှာ မြောက်ဦးယဉ်ကျေးမှုနယ်မြေအတွင်းမှ အထင်ကရစေတီများဖြစ်ကာ နှစ်ကာလများစွာ ကြာမြင့်နေပြီဖြစ်သည့် ရှေးဟောင်းလက်ရာ မြောက်ဦးခေတ် စေတီတော်များဖြစ်သည်။

“ခုနက လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဈေတီနှစ်ဆူမှာ ထိခိုက်မှုတွေရှိပါတယ်။ လောလောဆယ်တော့ သွားပြီးစစ်ဆေးနေဆဲပဲရှိပါသေးတယ်။ ဘယ်နှစ်လုံး ပျက်စီးသွားတယ်။ ဘယ်နေရာမှာ ဘာဖြစ်တယ်ဆိုတာကို အတိအကျမသိရသေးဘူး။ ရတနာ့မာရ်အောင်စေတီရဲ့ ငှက်ပျော်ဖူးတော်နဲ့ ရတနာပုံစေတီရဲ့စိန်ဖူးတော် ကျိုးသွားတာတော့သေချာပါတယ်။ နောက်ထပ်ပျက်စီးမှုတွေကိုတော့ လိုက်ရှာနေတုန်းပဲရှိပါသေးတယ်။” ဟု မြောက်ဦးရှေး/သုဌာနမှ အတည်ပြုသည်။

ရတနာပုံစေတီတော်၏ ငှက်ပျောဖူးတော်မှာ လုံးဝပျက်စီးသွားပြီး စေတီနှစ်ဆူ၏ ဉာဏ်တော်များမှာ အနည်းဆုံးအမြင့်ပေ နှစ်ရာကျော်ခန့် ရှိမည် ဖြစ်ကြောင်းနှင့် ယင်းသို့ ပျက်စီးမှုများအား လောလောဆယ်တွင် လိုက်လံရှာဖွေနေလျက်ရှိကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly