မြောက်ကိုရီးယားက ရေငုပ်သင်္ဘောမှ ဖျက်အားပြင်းဒုံးကျည်ပစ်လွှတ်ပြန်

မြောက်ကိုရီးယားက ရေငုပ်သင်္ဘောမှ ဖျက်အားပြင်းဒုံးကျည်ပစ်လွှတ်ပြန်

ပြုံယမ်း၊ သြဂုတ် ၂၄ ။               ။ မြောက်ကိုရီးယားနိုင်ငံသည် ဖျက်အားပြင်းဒုံးကျည်တစ်စင်းအား အရှေ့ဖက်ကမ်းခြေ၌ ရေငုပ်သင်္ဘောတစ်စီမှ ပစ်လွှတ်ကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က ပြောသည်။

ဆင်ပိုမြို့အနီး ရေပြင်မှ KN-11 ဒုံးကျည်ကို ပစ်လွှတ်ရာ မိုင် ၃၀၀ အထိ ရောက်ရှိကာ ဂျပန်ပင်လယ်ပြင်အတွင်း ကျရောက်ကြောင်း အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းဒုံးကျည်က ဂျပန်၏ လေကြောင်းကာကွယ်ရေးဇုန်အတွင်းထိ ကျရောက်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောသည်။

မြောက်ကိုရီးယားအတွက် စိတ်ဆိုးဒေါသဖြစ်စေသည့် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ နှစ်ပတ်လည်စစ်ရေးလေ့ကျင့်မှု စချိန် ယခုဒုံးကျည်ကို ပစ်လွှတ်လာခြင်းလည်းဖြစ်သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုကို အမေရိကန်နှင့် တောင်ကိုရီးယား စစ်တပ်ဖွဲ့အင်အား ၈၀၀၀၀ နီးပါး ပါဝင်လေ့ကျင့်ခြင်းလည်းဖြစ်သည်။

ထိုစစ်ရေးလေ့ကျင့်မှုကို ကျုးကျော်ရန်စခြင်းအဖြစ် ရှုမြင်သော မြောက်ကိုရီးယားက ကိုရီးယားကျွန်းဆွယ်အား စစ်ပွဲအတွင်းသို့ ဆွဲချနေသည့် လုပ်ရပ်ဖြစ်ပြီဒ တုံ့ပြန်မှုအဖြစ် နျူကလီးယားတိုက်ခိုက်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly