ဗီယက်နမ်အခြေစိုက် ဆော့ဖ်ဝဲကုမ္ပဏီ ကမြန်မာနိုင်ငံတွင် ဆက်သွယ်ရေးနှင့် အင်တာနက် ၀န်ဆောင်မှု ပေးမည်

ဗီယက်နမ်အခြေစိုက် ဆော့ဖ်ဝဲကုမ္ပဏီ ကမြန်မာနိုင်ငံတွင် ဆက်သွယ်ရေးနှင့် အင်တာနက် ၀န်ဆောင်မှု ပေးမည်

ဗီယက်နမ်အခြေစိုက် ဆော့ဖ်ဝဲကုမ္ပဏီကြီးတစ်ခုဖြစ်သည့် FPT က မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးနှင့် အင်တာနက် ဝန်ဆောင် မှုများကို ပေးသွားမည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းတွင် ၁၀၀ရာခိုင်နှုန်း အပြည့်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီဖြစ်လာ မည်ဟု ဇူလိုင် ၁၀ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။

ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာနက FPT အား ၁၅ နှစ်လိုင်စင်ချပေးလိုက်ကြောင်း ဇူလိုင်၇ ရက်က ထုတ်ပြန်ကြေညာ ခဲ့ပြီး FPT အနေဖြင့် NFS (I) သို့မဟုတ် ကွန်ရက်တည်ဆောက်ရေး အစရှိသည့် ဆက်သွယ်ရေးဝန်ဆောင်မှုများအပြင် အွန်လိုင်း ဂိမ်းများ၊ အွန်လိုင်းသတင်းများ၊ ဝက်ဘ်ဆိုက်များ၊ ကုန်သွယ်မှုဆိုင်ရာသတင်းများ၊ ဒိုမိန်းတည်ဆောက်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။

NFS (I) အတွက် လုပ်ကိုင်ခွင့်ရသွားသည့် မြန်မာကုမ္ပဏီ ခြောက်ခုရှိပြီး FPT သည် ပထမဆုံး နိုင်ငံခြားကုမ္ပဏီ တစ်ခုဖြစ်ကြောင်း သိရသည်။

FPT အနေဖြင့် ကမ္ဘောဒီးယား၊ ဗီယက်နမ်ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများတွင် စွမ်းရည်နှင့် အတွေ့အကြုံရှိသောကြောင့် မြန်မာအစိုးရက လုပ်ငန်းလုပ်ကိုင်ခွင့် ပြုလုပ်ခြင်းဖြစ်သည်ဟု FPT Global ၏ အထွေထွေညွှန် ကြားရေးမှူး ဒေါင်ထရူဒန်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags