မြိတ်မြို့ရှိ ၆လ ရပ်နားခံရသည့် ငါးအမှုန့်ကြိတ် စက်ရုံကိစ္စ ဖြေလျော့မှုရှိလာနိုင်ဟု စီမံ/ဘဏ္ဍာဝန်ကြီး ပြော

မြိတ်မြို့ရှိ ၆လ ရပ်နားခံရသည့် ငါးအမှုန့်ကြိတ် စက်ရုံကိစ္စ ဖြေလျော့မှုရှိလာနိုင်ဟု စီမံ/ဘဏ္ဍာဝန်ကြီး ပြော
ယာယီ ရပ်နားခံ အဆောင်ကောင်း ငါးအမှုန့်ကြိတ်စက်ရုံကို စီမံဘဏ္ဍာဝန်ကြီး စစ်ဆေးနေစဉ် ဓာတ်ပုံ - ဇော်နီ

မြိတ်၊ သြဂုတ် ၂၃ ။          ။ မြိတ်မြို့ရှိ (၆)လ ယာယီ ရပ်နားထားခဲ့သည့် အဆောင်ကောင်း ကုမ္ပဏီ၏ ငါးအမှုန့်ကြိတ် စက်ရုံကိစ္စ ဖြေလျော့မှု ရှိလာ နိုင်သည်ဟု တနသာၤရီတိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းက မဇ္ဈိမသို့ပြောသည်။

သြဂုတ် (၂၂)ရက်တွင် စီမံဘဏ္ဍာဝန်ကြီးက စက်ရုံပြင်ဆင်ထားမှုများကို စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ စစ်ဆေး ထားမှု များကို ဝန်ကြီးချုပ်ထံ ပြန်လည်တင်ပြ၍ ဆွေးနွေးမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒီကနေ့ အဆောင်ကောင်းကုမ္ပဏီကို လုပ်ငန်းရပ်နားပြီး ပြန်လာစစ်တော့ သူတို့ပြင်ဆင်ထားတာကို ကျေနပ် မှုဖြစ် ပါ တယ်။ ဒီကနေ့ တွေ့ရှိချက်တွေကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဆီ တင်ပြ ဆွေးနွေးတာတွေ လုပ်မယ်။ ဒါ ဆိုရင် တော့ ဖြေလျော့မှုအချို့ ရှိလာနိုင်ပါတယ်” ဟု ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ဆိုသည်။

စက်ရုံလိုအပ်ချက်များကို အကောင်းဆုံးပြင်ဆင်သွားမည်ဖြစ်ပြီး အနံ့ဆိုးလုံးဝမထွက်စေရန် အာမခံကြောင်း အဆောင် ကောင်းငါး အမှုန့်ကြိတ်စက်ရုံ ဒါရိုက်တာ ဦးအောင်စစ်က မီဒီယာ များ၏ မေးမြန်း မှုကို ပြန် လည်ဖြေကြား ခဲ့သည်။

“ အနံ့ဆိုးလုံးဝမထွက်အောင် ရာသက်ပန်လုပ်ပေးသွားမယ်။ ထွက်တာနဲ့ သတင်းပို့ ရင် စက်ရုံပိတ်ခံရ မယ်။ဒီကြား ထဲမှာ စက်တွေ ပျက်ခဲ့ရင်လည်း အမြန်ဆုံးပြုပြင်မယ်” ဟု ၎င်းက ဆုသည်။

အနံ့ဆိုးကိစ္စနှင့် ပတ်သက်၍ ငါးအမှုန့်ကိတ်စက်ရုံများမှ အနံ့ဆိုး မထွက်ရေးသာ အဓိကဖြစ် သည့်အတွက် လက်ရှိပြင် ဆင်ဆောင်ရွက်နေမှုများမှာ ယခင်ကထက်ပိုမို ကောင်းမွန်သည့် အနေအထားရှိသည်ဟု လေ့လာရေးတွင် ပါဝင်သူများ က ဆိုသည်။

(၆)လ ယာယီစက်ရုံရပ်နား၍ ပြင်ဆင်ရမည့် စက်ရုံများစာရင်း အကြောင်းကြားစာကို သြဂုတ်(၆)ရက်က လက်ခံရရှိ ခဲ့ပြီး လက်ရှိတွင် အဆောင်ကောင်း ငါးအမှုန့်ကြိတ်စက်ရုံမှ ပြင်ဆင်ထားမှုများပြုလုပ်နေသည့်နည်းတူ မင်းဇာနည် ငါးအမှုန့် ကြိတ် စက်ရုံလည်း ပြင်ဆင်မှုအချို့ ပြုလုပ် လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly