အင်ဒိိုနီးရှား အလှကုန်စက်ရုံမီးလောင်မှုတွင် ငါးဦးသေဆုံး ၅၆ ဦး ဒဏ်ရာရ

အင်ဒိိုနီးရှား အလှကုန်စက်ရုံမီးလောင်မှုတွင် ငါးဦးသေဆုံး ၅၆ ဦး ဒဏ်ရာရ

ဂျပန်အလှကုန်ပစ္စည်း ကုမ္ပဏီတစ်ခုဖြစ်သည့် Mandom Corp ၏ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့စွန် တွင်ရှိသော အလှကုန် ပစ္စည်း စက်ရုံခွဲတစ်ခုတွင် ဇူလိုင် ၁၀ ရက်က မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ရာ ငါးဦးသေဆုံးပြီး ၅၆ ဦး ဒဏ်ရာရရှိသွား ခဲ့ကြောင်း သိရသည်။

PT Mandom Indonesia ဖြစ်သော မီးလောင်ကျွမ်းမှုကို တစ်နာရီခန့်အကြာတွင် ငြှိမ်းသတ်နိုင်ခဲ့ ကြောင်း သိရသည်။ ကနဦးထွက်ပေါ်လာသည့် သတင်းများအရ စက်ရုံလည်ပတ်နေချိန်တွင် ဆံပင်ဖြန်းအလှကုန်များနှင့် အခြားပစ္စည်းများ ထုတ်လုပ်သည့်ဌာနသို့ ပို့သည့် ဓာတ်ငွေ့လိုင်းပေါက်ကွဲကာ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရုံအား အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၄၄ သန်း အကုန်အကျခံကာ ဇွန်လအတွင်းက ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်ပြီး အလှကုန်ပစ္စည်းများအား အင်ဒိုနီးရှားအပါအဝင် အာရှဈေးကွက်သို့ အဓိက ဖြန့်ဖြူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly