ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ရာတွင် အခမဲ့ဝန်ဆောင်မှုဖြစ်စေရန် ထိုင်းကုမ္ပဏီတစ်ခုနှင့် မြန်မာအစိုးရတို့ MOU လက်မှတ်ရေးထိုး

ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ရာတွင် အခမဲ့ဝန်ဆောင်မှုဖြစ်စေရန် ထိုင်းကုမ္ပဏီတစ်ခုနှင့် မြန်မာအစိုးရတို့ MOU လက်မှတ်ရေးထိုး

ရန်ကုန်၊ သြဂုတ် ၂၀ ။            ။ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်သမားများစေလွှတ်ရာတွင် ဝန်ဆောင်မှု အခမဲ့ဖြစ်စေရေး သြဂုတ်လ ၂၀ရက်နေ့က ထိုင်း ကုမ္ပဏီ Thai Union နှင့် မြန်မာအစိုးရတို့ကြား MOU စာချုပ် လက်မှတ်ရေးထိုးခဲ့ ကြသည်။

“ တကယ်ကုန်တဲ့ ဆေးစစ်ခရယ်၊ ဗီဇာဖိုးရယ်၊ ဝေါ့ ပါမစ် ဖိုးရယ်ပဲ ကောက်တယ်ပေါ့နော်။ ကျန်တာအားလုံးက အလုပ် သမားပေးစရာမလိုတော့ဘူးဆိုတဲ့ ဒီနေ့ဆွေးနွေးချက်ဟာဆိုရင်။ အလုပ်သမားတွေအတွက်ရော သွားပြီးအလုပ်လုပ် ကိုင်နေတဲ့သူတွေအတွက်  ကောင်းတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တာပေါ့ “ ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။

ယင်းကဲ့သို့ ဆောင်ရွေက်နေမှုအခြေအနေနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ မြောက်ဒဂုံ အလုပ် သမား သင်တန်း ကျောင်း၌ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာန၊ ရွေ့ပြောင်း အလုပ်သမား အခွင့်ရေးကွန်ယက်နှင့် ထိုင်း Thai Union ကုမ္မဏီတို့ပူး ပေါင်းးပြုလုပ်ခဲ့ကြသည်။

MOU စာချုပ်အရ Thai Union ကုမ္မဏီသို့ သွားရောက်အလုပ် လုပ်မည့် လုပ်သားများသည် အစိုးရမှ သတ်မှတ် ထား သည့် မြန်မာငွေ တစ်သိန်းခွဲထက်မပိုသည့် ဝန်ဆောင်ခအစား   ခြောက်သောင်းခွဲကျပ် ပေးဆောင်ရမည်ဖြစ်ပြီး ထိုင်း နိုင် ငံသို့ရောက်ပါက ပေးဆောင်ရမည့် ၁၀၀၀၀ ထက်မပိုသည့် ဘတ်ငွေကို ယခင် အလုပ်သမားများဘက်မှ ပေးခဲ့ရသော် လည်း ယခုတွင် ထိုင်းအလုပ်ရှင်မှ စိုက်ထုတ်ကျခံရမည်ဖြစ်သည်။

အလုပ်သမားများအနေဖြင့် လုပ်အားခ တစ်ရက် ဘတ် ၃ဝဝ ရရှိမည်ဖြစ်ပြီး အချိန်ပိုကြေး တစ်နာရီ ၅၆ ဘတ်ခန့် ရရှိ မည့်အပြင် တစ်ပတ်ကို တစ်ရက်၊ အစိုးရရုံးပိတ်ရက်များနှင့် နှစ်ပြည့်ခွင့်အဖြစ် တစ်နှစ်လျှင် ရက် ၂ဝ နီးပါး ပိတ်ရက် ရရှိမည်ဖြစ်သည်။

Thai Union ကုမ္မဏီ မဟုတ်ဘဲ ထိုင်းနိုင်ငံရှိအခြားကုမ္မဏီများတွင် သွားရောက်လုပ်ကိုင်မည်ဆိုပါက ပြည်တွင်း၌ တစ် သိန်းခွဲ ထက်မပိုသောကျပ်ငွေနှင့် ထိုင်းနိုင်ငံတွင်လည်း ၁၀၀၀၀ ထက်မပိုသော ဘတ်ငွေကို အလုပ်သမားများ ဘက်မှ ပေးဆောင်ရဦးမည်ဖြစ်ကြောင်း ရွေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက် ဥက္ကဌ ဦးစိန်ဌေးက ပြောသည်။

“ လုပ်ငန်းရှင်များအဖွဲ့တွေ လုပ်ငန်းရှင်များအဖွဲ့ချုပ်တွေ အများနှင့်လုပ်ဆောင်တဲ့ စနစ်တွေပိုပြီးဖြစ်ထွန်းချင်တယ် အဲဒါ မှ ရေရှည်မှာ အများပေါ်မှာ သွားပြီးသက်ရောက်မှာဖြစ်သလို ပြီးတော့ ဒီအပေါ်မှာလည်း အကျိုးစီးပွား ပဋိပက္ခ မဖြစ်မှာ “ ဟု ဦးစိန်ဌေးက ဆိုသည်။

Thai Union သည် ရေထွက်ကုန်ချောလုပ်ငန်းကို အဓိကလုပ်ကိုင်သော ကုမ္ပဏီဖြစ်ပြီး လက်ရှိတွင် မြန်မာအလုပ်သမား ၃၀၀၀၀ ခန့်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly