ဗန်ဂျင်ကယ်နှင့် ဂစ်ဗင်းတို့ကို စတုခ်စီးတီးအသင်းခေါ်ယူ

ဗန်ဂျင်ကယ်နှင့် ဂစ်ဗင်းတို့ကို စတုခ်စီးတီးအသင်းခေါ်ယူ
ချယ်လ်ဆီးကွင်းလယ်ကစားသမး ဗန်ဂျင်ကယ်။

ဇူလိုင် ၁၁၊ စတုခ်စီးတီး။ ။ စတုခ်စီးတီးအသင်းသည် ချယ်လ်ဆီးကွင်းလယ်ကစားသမား ဗန်ဂျင်ကယ်ကို အငှားဖြင့်လည်းကောင်း၊ အက်စတွန်ဗီလာမှ ဝါရင့်ဂိုးသမား ရှေးဂစ်ဗင်းကိုလည်းကောင်းခေါ်ယူခဲ့ပြီး အင်တာမီလန်ကွင်းလယ်လူ ရှာကွီရီကိုခေါ်ယူရန်ကြိုးပမ်းမှုမှာမူ အောင်မြင်မှုမရခဲ့ဟု ဘီဘီစီ သတင်း ဋ္ဌာနက ဖော်ပြသည်။

စတုခ်စီးတီးအသင်းမှာ လီဗာပူးလ်နှင့်အင်္ဂလန်ညာနောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်ကိုလည်း ခေါ်ယူနိုင်မည်ဟု ယုံကြည်နေသည်။ စတုခ် အသင်းသည် ဆွစ်တောင်ပံကစားသမား ရှာကွီရီကို ပေါင် ၁၂ သန်းဖြင့်သဘောတူညီမှုရခဲ့သော်လည်း သတ်မှတ်ရက်အတွင်း ကစားသမား ဖြစ်သူက အကြောင်းပြန်ခဲ့ခြင်းမရှိ၍ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရသည်။

အသက် ၂၂ နှစ်အရွယ်ရှိ ဗန်ဂျင်ကယ်သည် ၂၀၁၃ တွင်ဗီတက်ဆီမှ ချယ်လ်ဆီးသို့ရောက်လာပြီးနောက် လေးပွဲသာကစားခွင့်ရခဲ့ပြီး စတုခ်စီးတီးသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

အသက် ၃၉ နှစ်အရွယ်ရှိ ဂစ်ဗင်းသည် အလွတ်ပြောင်းရွှေ့ကြေးဖြင့် စတုခ်စီးတီးသို့ရောက်လာခဲ့ခြင်းဖြစ်ပြီး နှစ်နှစ်စာချုပ်ချုပ်ခဲ့သည်။ ၎င်း သည် မန်စီးတီးတွင်လက်တွဲခဲ့သည့် ဆရာဟောင်း မာ့ခ်ဟုချ်နှင့် ပြန်လည်လက်တွဲရမည်ဖြစ်သည်။

ဂစ်ဗင်းရောက်ရှိလာခြင်းက ချယ်လ်ဆီးအသင်းလိုချင်နေသည့် စတုခ်ဂိုးသမား ဘီဂိုဗစ်ချယ်လ်ဆီးသို့ရောက်ရှိတော့မည်ဟူသော သတင်းများ ကိုကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly