ဂျပန်မြောက်ဘက်ကမ်းရိုးတန်းတွင် အင်အား ၆ ရစ်ချ်စတာစကေးရှိ ငလျင်လှုပ်ခတ်

ဂျပန်မြောက်ဘက်ကမ်းရိုးတန်းတွင် အင်အား ၆ ရစ်ချ်စတာစကေးရှိ ငလျင်လှုပ်ခတ်

တိုကျို၊ သြဂုတ် ၂၀ ။              ။ ဂျပန်နိုင်ငံ မြောက်ဘက်ကမ်းရိုးတန်းတွင် သြဂုတ် ၂၀ ရက်က ဒုတိယနေ့အဖြစ် အင်အားပြင်း ငလျင်တစ်ခု ဆက်လက်လှုပ်ခတ်ခဲ့သော်လည်း ပျက်စီး ဒဏ်ရာရသည့် စာရင်းမရရှိသေးကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။

အင်အား ၆ ရစ်ချ်စတာစကေးရှိ အဆိုပါ ငလျင်သည် မီယာကို မြို့မှ ၁၀၃ မိုင်အကွာ ကမ်းရိုးတန်းတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိသုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။

မြေပြင်အောက် ၁၀ ကီလိုမီတာတွင် ဖြစ်ပွားခဲ့သည့် ယင်းငလျင်ကြောင့် ဆူနာမီသတိပေးချက် ထားခြင်းမရှိသေးကြောင်း ဂျပန်မိုးလေဝသဌာနက ကြေညာထားသည်။

သြဂုတ် ၁၉ ရက်ကလည်း ပြင်အား ၅ ဒသမ ၃ ရစ်ချ်စတာစကေးရှိ ငလျင်တစ်ခုသည် ဖူကူရှီးမားမြို့ တောင်ဘက် အီဘာရာကီစီရင်စုအနီး မြောက်ဘက်ဂျပန်ကမ်းရိုးတန်းတွင် လှုပ်ခတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly