မှုခင်းကျဆင်းရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က Pilot Project ကို ဆောင်ရွက်

မှုခင်းကျဆင်းရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က Pilot Project ကို ဆောင်ရွက်

ရန်ကုန်၊ သြဂုတ်လ ၂၀ ။              ။ ရဲလုပ်ငန်းများတွင် ပြည်သူများပူးပေါင်း ပါဝင်လာနိုင်ပြီး ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကို ပြည်သူများသိရှိစေရန်နှင့် မှုခင်းကျဆင်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် Pilot Project ကို ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ရန်ကုန် တိုင်းဒေ သကြီး အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးမြင့်ထွေးက မီဒီယာများသို့ ပြောကြား သည်။

သင်္ကန်းကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်  သြဂုတ်လ ၂၀ရက်၊ မွန်းလွဲ ၁နာရီတွင် ပြုလုပ်သော ဝန် ဆောင်မှုကို ရှေ့ရှုသော ရဲလုပ်ငန်းစနစ် ဆောင်ရွက်မှုနှင့် မူးယစ်ဆေးဝါးနှိမ်နှင်းရေး လောင်းကစားမှု ကင်းစင်ရေးလုပ် ငန်း အစီအမံများ ရှင်းလင်းပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

" Pilot Project  ဒီမြို့နယ် လုပ်တော့မယ်ဆိုတာနဲ့ ဒီဘက်မှာရှိတဲ့ စာရင်းတွေပြုစုတယ်၊ သူတို့ရှိနိုင်တဲ့နေရာကို ကျွန် တော် တို့စုံစမ်းပါတယ်၊ Pilot Project လုပ်တယ်ဆိုတာတော့ အထူးအားဖြင့်တော့ ဒီမြို့နယ်မှာ မှုခင်းကျဆင်းဖို့နဲ့ ပြည် သူလူထုအတွက် တရားဥပဒေစိုးမိုးရေးတွေ ပိုမိုကောင်းလာအောင် လုပ်တာဖြစ်ပါတယ် "ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဦးမြင့်ထွေးက ပြောသည်။

Pilot Project ကို ခရိုင်အလိုက်လုပ်ဆောင်နေခြင်းဖြစ်ပြီး ပထမဆုံးအနေဖြင့် ၄ မြို့နယ်ဖြစ်သည့် ဒဂုံတောင်ပိုင်း၊ ကမာ ရွတ်၊ သန်လျင်နှင့် လှိုင်သာယာတို့တွင် လုပ်ဆောင်ခဲ့ကြောင်း၊ ဒုတိယအစီအစဉ်တွင် ၈ မြို့နယ်ပါဝင်ကာ ဒဂုံမြောက် ပိုင်း၊ သကေတ၊ စမ်းချောင်း၊ မရမ်းကုန်း၊ ဒလ၊ တွံတေး၊ မင်္ဂလာဒုံ နှင့်အင်းစိန်မြို့နယ်တို့တွင် ဆက်ပြီးလုပ်ဆောင်သွား မည် ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး ဦးမြင့်ထွေး၏ ပြောပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly