မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ နိုင်ငံတကာ အရေးပေါ် ကယ်ဆယ်ရေးသင်တန်း မြိတ်မြို့တွင် ဖွင့်

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ နိုင်ငံတကာ အရေးပေါ် ကယ်ဆယ်ရေးသင်တန်း မြိတ်မြို့တွင် ဖွင့်

မြိတ်၊ သြဂုတ် ၂၀ ။        ။ မြေပြင်အသက် ကယ်ဆယ်ရေး နိုင်ငံတကာ အရေးပေါ် ကယ်ဆယ်ရေးသင်တန်းကို မြိတ်မြို့တွင် (၆) ရက်ကြာဖွင့် လှစ် သင်ကြား သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အရေးပေါ် လူ့အသက်ကယ်ဆယ်ရေးအဖွဲ့ (Myanmar Rescue) ဥက္ကဌ ဦးလှထွန်းက သြဂုတ်(၁၉)တွင် ပြောကြားခဲ့သည်။

မြိတ်ခရိုင်နာရေး ကူညီမှုအသင်းနှင့် ကျန်းမာရေး အထောက်အကူပြုအဖွဲ့များမှ ဦးစီး၍ ယင်းသင်တန်း ကိုပြု လုပ်ခဲ့ခြင်း ဖြစ်ပြီး မြိတ်မြို့ ရှမ်းချောင်းရပ်ရှိ တောရကျောင်းတွင် သြဂုတ် ၁၉ မှ ၂၄ ရက်အထိ ပြုလုပ်သွား မည်ဖြစ်သည်။

“ အခု လိုမျိုးသင်တန်းဖွင့်တာ (၆)ရက်မှာတော့ နိုင်ငံတကာ အရေးပေါ် ကယ်ဆယ်နည်း တွေအကုန် တတ်အာင်သင်လို့တော့ မရပါဘူး။ ဒါပေမယ့် ပထမဆုံး မြေပြင်အသက်ကယ်နည်းကို ဒီရက်အတွင်းမှာ ကြိုးစားပြီး သင်ယူသွားဖို့ လိုအပ်ပါတယ်။ ကိုယ့်မြို့ ကိုယ့်ဒေသမှာ ဆင့်ပွားပြန်လည် သင်ကြားစေနိုင်ဖို့အတွက် ကြိုးစားကြဖို့လိုပါတယ်” ဟု ဦးလှထွန်းက ဆိုသည်။

အဖွဲ့အနေဖြင့် နိုင်ငံရေးနှင့်ပတ်သက်မှု မရှိပဲ ပရဟိတစိတ်ဖြင့်သာ ဆောင်ရွက်ကြရန်နှင့် ပရဟိတ အဖွဲ့များ  ပူးပေါင်းဆောင်ရွက်နိုင်ကြရန် ၊ နိုင်ငံတော်ကို အထောက်ကူဖြစ်စေ၍ ပြည်သူများကို ကူညီပေးနိုင်ရန်ဖြစ်ကြောင်း ၎င်းကပြော သည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့  မြိတ်မြို့နယ် ပရဟိတအဖွဲ့များ၊ မြို့နယ် နာရေးကူညီမှုအသင်း နှင့်ကျန်းမာရေး  အထောက်အကူပြုအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ကယ်ဆယ်ရေး သင်တန်းသား (၂၀၀)ကျော်ခန့် တက်ရောက်ခဲ့ ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly